မျိုးဆက်သစ်ကစားသမားများထွက်ပေါ်လာရေးအတွက်ရည်ရွယ်ကျင်းပသည့် မွန်ပြည်နယ်အဆင့်MPT အသက်(၁၄)နှစ်အောက်ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲပထမပွဲစဉ်ကို ယနေ့ နံနက် ( ရး၃၀ ) နာရီက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာကွင်း၌ ကျင်းပရာ သထုံညွန့်ပေါင်း အသင်းက ပေါင် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် ၃-၄ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

အကြိုဗိုလ်လုပွဲ အဆင့်၏ ဒုတိယမြောက် ပွဲစဉ်ကို ယနေ့ ညနေပိုင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး ကျိုက်မရောအသင်းနှင့်ကျိုက်ထိုအသင်းတို့ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ အနိုင်ရရှိသည့် အသင်း အနေဖြင့် သထုံညွန့်ပေါင်း အသင်းနှင့် အောက်တိုဘာ ၄ ရက်တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် အဓိက မိတ်ဖက် MPT နှင့် လက်တွဲကာ နိုင်ငံတစ်ဝှမ်းတွင် လူငယ်ဘောလုံး ပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံး ပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံမှာ ကျင်းပပေးလျှက် ရှိနေတာပဲ ဖြစ်ပြီး အဆိုပါပြိုင်ပွဲကနေ ခြေစွမ်းခြေစရှိတဲ့ လူငယ်တွေ ပေါ်ပေါက်လာစေဖို့ပဲ ဖြစ်ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။