ပနားမား နောက် မြောက်ဖက် Costa Rica မှကျောက်ဘောလုံးကြီးများကို ထိုဒေသနေရာတိုင်းလိုလို မှာ တွေ့ရှိကြခဲ့ပါတယ်။ တစ်ခါတစ်လေ ရှစ်ပေလောက် မြင့်တဲ့ အရွယ် အစား ရှိသော ကျောက်တုံးကြီးများဟာ ဘယ်ခေတ်ကတည်းက ဘယ်သူ တည်ဆောက်ခဲ့တယ်ဆိုတာ အဖြေရှာ မရခဲ့ပါဘူး။ ဘာသာရေး ကျိမ်စာ လိုလို ဂြိုလ်သားတွေ တည်ဆောက် ခဲ့သလိုလို ကောလ ဟာလ ပုံပြင် ပေါင်းများစွာနဲ့ ယှက်နွယ်နေသော အချိုးညီပြီး လုံးဝန်းတဲ့ ကျောက်တုံးကြီးတွေဟာ ယနေ့ခေတ် နည်ပညာဖြင့် တည်ဆောက်ဖို့တောင်မလွယ်ကူပါဘူး။

တိရိစ္ဆာန် တွေအစာ စားလျှင် ဦးခေါင်း ကို မည်သည့် အရပ် သို့ လှည့်ပြီးစားသလဲဆိုတာ ဘယ်သူမှ ထိုင်မကြည့်ပါဘူး။ သိပ္ပံပညာရှင်တွေ တွေ့ရှိချက်ကတော့ နွားတွေဟာ အနားယူစဉ် သို့မဟုတ် အစာစားလျှင် တောင်ဘက် (သို့) မြောက်ဘက် ကို ဦးခေါင်း တည့်တည့် ထားတက်ကြပါတယ်။ ဘာ့အတွက် ကြောင့်လည်းတော့ အဖြေရှာ မရသေးပါဘူး။

Black hole အာကာသ တွင်းနက် အဝင်ပေါက် နားတွင် event horizone ဆိုတဲ့ ဧရိယာ တစ်ခု ရှိပါတယ်။ ဒီ Event horizone ထဲရောက် ရှိပါက ဘယ်လိုတွေ ဖြစ်သွားမလဲ ဆိုတာလည်း အဖြေမရှိသေးပါဘူး။ ဒါ့အပြင် အခြားသော black Hole နဲ့ ပတ်သတ်တဲ့ အချို့သော အကြောင်းအရာတွေဟာ ယနေ့ခေတ် သိပ္ပံပညာရှင်တွေ လိုက်မှီနိုင်ဖို့ အတော်လေးကို လိုအပ်သေးတာကြောင့် ပညာရှင်တွေကို ခေါင်းခဲစေတာလည်း ဖြစ်ပါတယ်။

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။