Minotaur ဟာဆိုရင်တော့ Tank တစ်မျိုးထဲမဟုတ်ပဲ Support လဲပါတာမို့ အသင်းအတွက် မိုက်ပါတယ်။ သူကို့ကိုင်တဲ့သူကို သိပ်မမြင်ရပေမဲ့ ဒီ Hero က High Rank တွေထိပါ တိုးတဲ့ Hero ပါ။ သူရဲ့ Ulti ကလဲ အသင်းအတွက် Battle မှာ သိပ်အဆင်ပြေပါတယ်။ သွေးတွေလဲဖြည့်ပေးတာမို့ Support ပီသပါတယ်။ သတ်ရတာလဲ ခတ်သလို ကြာလဲကြာတာမို့ ကိုယ့်အသင်းက သွေးပျော့တဲ့ကောင်တွေအတွက် အဆင်ပြေပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သတ်မှတ်ထားတဲ့နေရာကို ခုန်လိုက်တာဖြစ်ပြီး ရန်သူတွေကိုထိရင် ၆၅ရာခိုင်နှုန်း နှေးစေပြီး Damage ထိစေပါတယ်။ သူခုန်လိုက်တဲ့ချိန်မှာ အနီတန်းပြည့်နေမယ်ဆိုရင် ရန်သူသွေးရဲ့ 1.5ရာခိုင်နှုန်းကို Damage ထိစေပါတယ်။ Skill 2ကတော့ သွေးပြန်ဖြည့်ပေးတာဖြစ်ပြီး အနီတန်းပြည့်နေရင်တော့ ပိုပြီးဖြည့်ပေးပါတယ်။ Ulti ကတော့ အနီတန်မပြည့်သေးရင် အသွင်းအားတွေစုလိုက်မှာဖြစ်ပြီး အနီတန်ပြည့်ရင်တော့ မြေကြီးကို သူ့ရဲ့ တူနဲ့ ၃ချက်ထုမှာဖြစ်ပြီး ရန်သူတွေကို ၇၀ရာခိုင်နှုန်းနှေးစေပြီး နောက်ဆုံး၂ချက်က ရန်သူကို Knock နေစေမှာဖြစ်ကာ နောက်ဆုံး၁ချက်က Damage ပိုထိစေပါတယ်။  

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူခုတ်သည်ဖြစ်စေ သူအခုတ်ခံရသည်ဖြစ်စေ အနီတန်းဟာ တက်နေမှာဖြစ်ပြီး ပြည့်သွားတဲ့ချိန်ကျရင်တော့ အပိုခံနိုင်ရည်စွမ်းတွေ ပြည့်ကာ Damage လဲ ပိုရပါတယ်။ အနီကုန်သွားတဲ့ချိန်ကျရင်တော့ သူဟာ အနီတန်းပြည့်ဖြည့်ဖို့ ခဏစောင့်ရပါမယ်။ Battle ဆိုင်ရင်တော့ သူရဲ့ Ulti နဲ့အားတွေစုလိုက်ပြီး Skill 1နဲ့ရန်သူထဲသွားကာ အနီတန်းပြည့်အောင်လုပ်ပါ၊ အဲ့ချိန်မှာ Ulti အကြမ်းစားသုံးလိုက်ပါ။ ပြီးရင် Skill 2လေးသုံးပြီး သွေးဖြည့်ပေးလိုက်ပါ အသင်းကို။ Item တွေကတော့ Global 1 ရဲ့စာတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။