Natalia ဟာဆိုရင်တော့ သူရဲ့ကိုယ်ပိုင် Passive နဲ့ ရန်သူတွေကို အလွယ်တကူ ခုတ်သတ်လို့ကောင်းတဲ့ Hero ပါပဲ။ Item စုံရင် MM တို့ Mage တို့ကို အသာလေး ခုတ်သတ်နိုင်ပါတယ်။ ရန်သူကြားထဲ ပြေးဝင်ဖို့ဆိုတာကတော့ သူမအနေနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ နောက်ကနေပဲ တိတ်တဆိတ်လေးပဲ ရန်သူတွေကို ခုတ်သတ်သွားတာက အဆင်ပြေစေပါတယ်။ သူမကိုကိုင်ရတာ လွယ်တယ်ဆိုပေမဲ့လဲ လက်မြန်ဖို့တော့ လိုပါတယ်။ အောက်မှာဆိုရင်တော့ သူမရဲ့အကြောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။   

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ အရှေ့ကို သူရဲ့လက်နက်နဲ့ အမြန်သွားရင်း လှည့်လိုက်ကာ အဲ့ Skill ကိုနှစ်ခါသုံးလို့ရပါတယ်။ Skill 2 ကတော့ Smoke Bomb ချလိုက်တာဖြစ်ပြီး ရန်သူကို ရွှေ့လျားနှုန်း ၆၀ရာခိုင်နှုန်းနဲ့ တိုက်ခိုက်နှုန်း ၃၀ရာခိုင်နှုန်း နှေးစေပါတယ်။ အဲ့အချိန်မှာ Nata ဟာ တစ်ဖက်က တိုက်ခိုက်တဲ့ Basic Attack အကုန်လုံးကို ခံနိုင်ပါတယ်။ Ultimate ကတော့ သူမရဲ့အရှေ့ကို အကြိမ်ပေါင်းများစွာ ခုတ်နေမှာဖြစ်ပြီး အဲ့ချိန်မှာထိတဲ့သူက ရွှေ့လျားနှုန်းကို ၆၅ရာခိုင်နှုန်းလျော့ချပါတယ်။ Passive ကတော့ နောက်ကနေတိုက်ခိုက်ရင် ၁၅ရာခိုင်နှုန်း Damage ပိုထိစေပြီး ခြုံပုပ်ထဲမှာ ၂စက္ကန့်လောက် ဘာ Damage မထိဘူးဆိုရင် ကိုယ်ပျောက်သွားမှာဖြစ်ပြီး ၅စက္ကန့်လောက် ခြုံပုပ်ထဲမှာ မရှိရင် ကိုယ်ပျောက်နေပြီး ခြုံပုပ်ထဲမှာဆိုရင်တော့ အမြဲပျောက်နေပါတယ်...Damage မထိရင်ပေါ့။   

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

အဲ့ချိန်မှာ လမ်းလျှောက်နှုန်း ၂၀ရာခိုင်နှုန်းမြန်မှာဖြစ်ပြီး အပို ၃၅ရာခိုင်နှုန်းထိစေပါတယ်။ ခုတ်လိုက်တဲ့ချိန်မှာ သူမဟာ ပေါ်လာမှာဖြစ်ပြီး အခုတ်ခံရသူလဲ ၂စက္ကန့် Silence ဖြစ်နေမှာပါ။ အဲ့တော့ Battle ဆိုင်တော့မယ်ဆိုရင်တော့ သူမရဲ့ Passive ရအောင် ချုံးထဲမှာနေပြီးနောက် ရန်သူဘက်က MM ကိုအရင်ဆုံးပြေးသတ်ပါ။ ကိုယ့်အသင်းက Battle ဆိုင်နေချိန်းမှာ ရန်သူဘက်က Tank ကအရှေ့ကနေခံနေတာဆိုတော့ ကိုယ့်အနေနဲ့ နောက်ကနေ ကိုယ့်အသင်းကို လှမ်းလှမ်းပစ်နေတဲ့ MM ပြေးခုတ်လိုက်ပါ။ အဲ့နောက်မှာ Skill 2သုံးပြီး Basic Attack နဲ့သတ်လို့ရပါတယ်။ ဒါပေမဲ့ မသေသေးရင်တော့ Skill 1 နဲ့သတ်လိုက်ပါ။ ရန်သူ Enemy ဘက်က MM မရှိတော့ ကိုယ့်အသင်းက Battle မှာ Damage ထိနည်းသွားပါတယ်။ အောက်မှာတော့ Global 1ရဲ့ Item နဲ့ Emblem တွေကို ဖော်ပြထားပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။