နယ်သာလန်နိုင်ငံတွင် တည်ရှိသည့် ကြယ်ပုံသဏ္ဍာန်တည်ဆောက်ထားသည့် ကျေးရွာလေးဟာ ဥရောပ အလယ်ခေတ် ခံတပ်ဟောင်းတစ်ခုဖြစ်သည့် Fort Bourtange ၏ အောက်တွင်တည်ရှိနေသည့် ရွာကဘေးပဲ ဖြစ်ပါတယ်။ ဒီရွာလေးဟာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက တည်ခဲ့သည့်ပုံဖြစ်နေကာ ရွာ၏ ပုံစံသည် ဓားသွားများ နှင့် တူညီနေပါတယ်။

Photo Credit : pngtree
Photo Credit : pngtree

Bourtange ခံတပ်ကို ၁၅၉၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကာ ၁၈၅၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး အဆောက်အအုံ အနည်းငယ် လောက်သာကျန်ရှိ နေခဲ့ပါတယ်။ ဒီလိုကျန်ရှိနေတဲ့ အဆောက်အအုံများသည်ပင် Bourtange မြို့ဟူ၍ တစ်ဖြည်းဖြည်း ဖြစ်လာစေခဲ့ပါတယ် ။၁၉၆၀ ပြည့်နှစ် များတွင် မြို့နေသူများဟာ ခံတပ်၏ အရိပ်က မြို့ပေါ်သို့ ထိုးနေသဖြင့် ခံတပ်ကို ပြန်လည် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပာတယ်။ သူတို့သည် ရေလမ်းကြောင်းများကို ပြန်လည်တူးဖော်၍ စစ်တန်းလျားများကို မူလအနေအထားသို့ ပြန်လည်ပြုပြင်ခဲ့ပါတယ်။

Photo Credit : pngtree
Photo Credit : pngtree

ကြယ်ပုံသဏ္ဍာန်ဖြစ်နေသည့် မြို့ကို ပြန်လည် တည်ဆောက်ပြီးနောက် တစ်ချိန်က ခံတပ်သည် လေယာဉ်ပေါ်မှ ကြည့်ရှုလို့ပဲ ရလာခဲ့ပါတယ်။ ။မြို့သို့ ရောက်ရှိလာကြသူများသည် ခရီးရှည်တစ်ခုကို သွားနိုင်ကြကာ လေရဟတ်များရှိနေပြီး အသုံး အဆောင်ပစ္စည်းများနည်းပါးသည့် ခေတ်တစ်ခုသို့ မုခ်ဦးပေါက်မှ ဝင်ရောက်သည့်နှယ်ဖြစ်နေပါတော့တယ်။

Photo Credit : pngtree
Photo Credit : pngtree

Source : မောင်သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။