ပရိသတ်ကြီးကို ဒီတခါတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ လေဘာတီ ရုပ်ထုကို ဘာကြောင့် တည်ဆောက်ခဲ့သလဲဆိုတာနှင့် ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာပါ...။ လေဘာတီကို အသက်သွင်းပေးခဲ့သူ "Bartholdi" ဆိုသူဟာ "1867" ခုနှစ်မှာ အမေရိကန် စတင်တည်ထောင်ခဲ့တဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အတွက် ရုပ်ထုတစ်ခုတည်ဆောက်ရန် စိတ်ကူးပေါက်ပြီး ပုံဆွဲလိုက် ပြန်ပြင်လိုက်နဲ့ သူ့ရဲ့အချိန်တွေကို မြုပ်နံထာခဲ့ပါတယ်...။ နောက်ဆုံးမှာတော့ 1870 မှာ ပြင်သစ်ဆောက်လုပ်ရေးပညာရှင် Eugene နဲ့တွေ့ဆုံခဲ့ပါတယ်...။ "Eugene" ဆိုသူကလည်း ခေသူမဟုတ် ပြင်သစ်က နာမ်မည်ကြီးဘုရားရှိခိုးကျောင်းကြီး "Notre Dame" ကိုဆောက်လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးပညာရှင်ပဲဖြစ်ပါတယ်....။

ပြင်သစ်နဲ့ အမေရိကန်ပေါင်းပြီး 1876 အမေရိကန်နိုင်ငံ ထူထောင်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ လေဘာတီရုပ်ကြီးတည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြပါတယ်....။ 1876 မှာတော့ လေဘာတီရုပ်ထု ညာဘက်လက် နှင့်မီးအိမ်ကိုဆောက်လုပ်ခဲ့ကြပြီး ဆောက်လုပ်ရေး ငွေကြေး ပြက်လပ်မှုကြောင့် ဆောက်လုပ်ရေးစင်မြင့်ပေါ်တက်ချင်သူများကို အဖိုးအခ 50 cents ပြား၅၀ နှင့်တက်ရောက်စေကာ မတည်ငွေကောက်ခံခဲ့ရပါတယ်...။ 1878 ခုနှစ်မှာ ရုပ်ထု ဦးခေါင်း နှင့် ပုခုံးကို ပြင်သစ်မှာ လှည့်လည်ပြသပြီး မတည်ငွေ ထပ်မံစုဆောင်းခဲ့ပါတယ်...။ အရုပ်ကြီးကို ပြီးလိုဇောနဲ့ ပြင်သစ် အစိုးရကလည်း သူ့နိုင်ငံက တိုင်းသူပြည်သားတွေကို အရုပ် ကြီးဆောက်လုပ်ရန် အလှုငွေများ လှုဒါန်းနိုင်ရန် လှုံဆော် ခဲ့ရပါတယ်...။

ပြင်သစ် နိုင်ငံသူနိုင်ငံသားများ ကလည်း ပုလဲ၊ လက်ဝတ်ရတနာ၊ စိန်ရွှေငွေအမျိုး ပေါင်း 528မျိုးကို လှုဒါန်းခဲ့ကြပါသေးတယ်...။ 1880ခုနှစ်မှာ သံသား ဆောက်လုပ်ရေးစင် Frame ဆောက်လုပ်ကာ လေဘာတီရုပ်ရဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း အားလုံးပြီးစီးအောင် ပြင်သစ်နိုင်ငံမှာ သာဆောက်လုပ်ခဲ့ကြပြီး 1884 ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်...။ ပြီးဆုံးသွားတဲ့ လေဘာတီရုပ်ထု အစိတ်အပိုင်း အမျိုးပေါင်း 350 ကို အမေရိကန် သင်္ဘောများဖြင့် တစ်စခြင်းစီ ယူဆောင်ကာ နယူးရောက် မြို့မှာ ပြန်လည် တပ်ဆင်ခဲ့ရပါတယ်...။ အမြင့်ပေ 115 ရှိတဲ့လေဘာတီရုပ်မှာပါဝင်တဲ့ အမျိုးအစားများကတော့ ကြေးနီ 179200 ပေါင်၊ ကြေးပြားအထူ 2.37 mm မီလီမီတာ၊ သံ 250000 ပေါင်၊ အလေးချိန် အားလုံးပေါင်း 450000 ပေါင် (225 Tons) ရှိပါတယ်...။ Liberty = "ထိမ်းချုပ်ခြင်းရဲ့အပြင်က လွတ်မြောက်နယ်မြေ (or ) လွတ်လပ်ခြင်း"၊ မီးဒုတ်၏ အဓိပ္ပါယ် = "ဤ နယ်မြေသို့ဝင်လာသူများသည် ငါ၏ မီးအိမ် အလင်းကြောင့် နွေးထွေးမှုရကာ ငြိမ်းချမ်းသာယာကြပါစေ...။" လို့ အဓိပ္ပါယ်ရပါတယ်....။

source Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။