အလုပ်များလွန်းလှတဲ့ပျိုမေတို့အတွက်တော့ Bra တစ်ထည်ကိုခဏခဏမလျှော်နိုင်ဘဲ လှန်းထား၊ ပြန်ဝတ်တာမျိုးတွေရှိနိုင်ပါတယ်။ တကယ်တမ်းကော Braကို တစ်ခါဝတ်ပြီးတိုင်းလျှော်ဖို့လိုအပ်ရဲ့လား။

ဘယ်အချိန်ဆို Bra ကို လျှော်ရတော့မလဲ

Bra ကို ဘယ်အချိန်လျှော်ရမလဲဆိုတာဟာ သင် ဘယ်နှစ်ခါဝတ်ထားလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်ချို့မိန်းကလေးတွေကတော့ တစ်လမှာတစ်ခါသာလျှော်ကြပြီး တစ်ချို့ကြတော့လည်း တစ်ပတ်တစ်ချိန်လျှော်ကြတယ်လို့ ပြောပါတယ်။ ဒါကလည်း သင့်မှာ Bra ဘယ်နှစ်ထည်စုစည်းမိထားလဲအပေါ်မှာ မူတည်ပါတယ်။ နှစ်ထည်၊ သုံးထည်နဲ့ လှည့်ပတ်ဝတ်တတ်သူအတွက်ကတော့ တစ်လတစ်ခါလျှော်တာက သင့်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အကောင်းဆုံးအကြံပြုချက်ကတော့ သင့်ရဲ့ Bra တစ်ထည်ကို သုံးခါကနေ ခြောက်ခါဝတ်အပြီးမှာ လျှော်သင့်ပါတယ်။ ဝတ်တဲ့အခါမှာလည်း တစ်ထည်တည်းကို တောက်လျှောက်ဝတ်တာမျိုးကို လုံးဝရှောင်ကြဉ်ပြီး အလဲအလှယ်လုပ်ဝတ်ဆင်ဖို့ ပြောပါရစေ။

Bra ကို လက်လျှော်လျှော်မှ ဖြစ်မှာလား

လက်ရှိနေ့စဉ်ဘဝမှာလည်း အဆင်ပြေသလိုလျှော်နေကြတာပါပဲ။ ဒါကြောင့် စက်နဲ့ပဲလျှော်ချင်လျှော်၊ လက်နဲ့ပဲလျှော်ချင်လျှော် ကြိုက်သလိုသာလျှော်ပါ။ ဒါပေမယ့် အကောင်းဆုံးကတော့ လက်နဲ့နူးနူးညံ့ညံ့လျှော်ဖို့ပါပဲ။ အထူးသဖြင့် Bra မှာ စျေးကြီးကြီးသုံးထားတဲ့မိန်းကလေးတွေနဲ့ ဘယ်အချိန် ထဝတ်ဝတ် Fit Size မှ ကြိုက်ပါတယ်ဆိုသူတွေကတော့ လုံးဝ(လုံးဝ)ကို လက်နဲ့လျှော်ပါ။ အချိန်လား။ စိတ်မပူပါနဲ့။ သိပ်မကြာပါဘူး။ ၁၅မိနစ်လောက်ပဲ အချိန်ပေးရင် အလုပ်ဖြစ်ပါတယ်။

Bra တွေကို စက်ထဲ လုံးဝ(လုံးဝ)ထည့်လျှော်လို့မရဘူးလား။

ဒီလိုတော့လည်း မဆိုလိုပါဘူး။ အခုခေတ်မှာ အချိန်ကအရမ်းအရေးကြီးနေတဲ့အတွက် အဝတ်လျှော်စက်ထဲ ပစ်ထည့်လိုက်လို့လည်း ရပါတယ်။ ဒီလိုမှမဟုတ်ရင် လက်သည်းနီတွေ ပျက်ကုန်မှာပေါ့ မဟုတ်ဘူးလား။ ဒါပေမယ့် ပုံထူပါတဲ့ Bra တွေ ပုံပျက်သွားရင်တော့ စိတ်မရှိဖို့ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ အဲဒီတော့လည်း လည်နှုန်းလျှော့ပြီး ဖြည်းဖြည်းလေးသာ လှည့်လျှော်ပါတော့နော်။

အမြန်ခြောက်ဖို့ Dryer သုံးဖို့လိုမလား။

နိုးပါ။ လုံးဝ(လုံးဝ) နိုးပါနော်။ မခြောက်သေးရင် မဝတ်သွားပါနဲ့လို့ အကြံပေးပါရစေ။ အဲဒါကမှ အိုကေပါသေးတယ်။ ဒါပေမယ့် အမြန်ခြောက်ချင်လို့ဆိုပြီး Bra ကို Dryer နဲ့မှုတ်တာမျိုးတော့ လုံးဝမလုပ်ဖို့လိုပါတယ်နော်။ Bra မှာပါတယ် ကျုံ့နိုင်ကျယ်နိုင်တဲ့ဆွဲသားတွေနဲ့ အပူနဲ့က ရန်ဖက်တွေပါပဲ။ အကယ်၍သာ ဒီဆွဲသားတွေ အပူဒဏ်ကြောင့် ချောင်သွားမယ်ဆိုရင် တင်းရင်းမှုမပေးတော့တဲ့ ဘာမှမထူးတဲ့အောက်ခံအကျႌကြီးကို ဝတ်ရတာနဲ့ မထူးမခြားနားပါပဲလေ။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။