မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် မွန်ပြည်နယ်အဆင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် ကျိုက်ထိုလူငယ်အသင်းက ပေါင်လူငယ်အသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိပြီး တတိယနေရာအား ရယူနိုင်ခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ယနေ့ပွဲစဉ်တွင် ကျိုက်ထိုအသင်းအနေဖြင့် ဦးဆောင်နှစ်ဂိုး နှစ်ဂိုး ခွင့်ပြုခဲ့ရသော်လည်း ချေပဂိုးများ ပြန်လည်သွင်းယူကာ ပင်နယ်တီအဆုံးအဖြတ်တွင် ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ညနေပိုင်းတွင်မွန်ပြည်နယ်အဆင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် သထုံညွှန့်ပေါင်းအသင်းနှင့် ကျိုက်မရောအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

သထုံညွှန့်ပေါင်းအသင်းနှင့် ကျိုက်မရောအသင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို MNL FB Page မှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါတယ်။အနာဂတ်မှာ အရည်အသွေးရှိတဲ့ လူငယ်မျိုးဆက်သစ်များပေါ်ထွက်လာရေးအတွက် အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံအနှံကျင်းပလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။