မွန်ပြည်နယ်အဆင့် MPTအသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့် ဒုတိယပွဲစဉ်ဖြစ်သည့် ကျိုက်မရောအသင်းနှင့်ကျိုက်ထိုအသင်းတို့ပွဲစဉ်ကို ယနေ့ညနေ ၃:၃၀ နာရီတွင် မော်လမြိုင်မြို့ဆောက်သမ်းမြန်မာကွင်းတွင်ကစားခဲ့ရာ ကျိုက်မရောအသင်းမှ ကျိုက်ထိုအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ကျိုက်မရောအသင်းနှင့်ကျိုက်ထိုအသင်းတို့ ပွဲစဉ်တွင် ဦးဆောင်ဂိုးကို ကျိုက်မရောအသင်းမှ နံပါတ် (၃) မျိုူးဝင်းထွဋ်ကပွဲချိန် ၈ မိနစ်တွင်သွင်းယူခဲ့ပြီးကျိုက်ထိုအသင်းအတွက်ချေပဂိုးကို နံပါတ် (၃) အောင်သူရမှ ၂၃ မိနစ်တွင်ပြန်လည်သွင်းယူခဲ့သောကြောင့်သရေရလဒ်ထွက်ပေါ်လာခဲ့ပြီး အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

အချိန်ပို ပထမပိုင်း ၉ မိနစ်တွင် ကျိုက်မရောအသင်းအတွက်အနိုင်ဂိုးကို နံပါတ်(၄) စောမောင်စိုးသိန်းမှသွင်းယူခဲသဖြင့် ကျိုက်မရောအသင်းမှကျိုက်ထိုအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။ယနေ့ ညနေ ၃:၃၀ နာရီ တွင်ဗိုလ်လုပွဲကို သထုံညွှန့်ပေါင်းအသင်းနှင့် ကျိုက်မရောအသင်းတို့ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။