၂၀၁၆ ခုနှစ်၊အောက်တိုဘာလ(၁၀)ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်။

မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေထုမငြိမ်မသက်ဆက်လက် ဖြစ်ေ ပါ်နေပြီး၊ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ရာမှ မုန်တိုင်းတစ်ကြိမ်ဖြစ်လာနိုင်ပါတယ် ။ တောင်တရုတ်ပင်လယ်ပြင်မှာ လေထုမငြိမ်မသက် ဆက်လက်ဖြစ်ပေါ်နေရာမှ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေပြီးမုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။

မုတ်သုံလေဆုတ်ခွာမှုအခြေအနေ။

အနောက်တောင်မုတ်သုံလေဦးဟာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ရောက်ရှိနေပါတယ်။ အနောက်တောင်မုတ်သုံေ လဟာ မြန်မာနိုင်ငံတောင်ပိုင်းမှ ဆက်လက်ဆုတ်ခွာဘွယ်ရာ ရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေ။

ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံ လေ အားနည်း နေပြီး၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့်အလယ်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာတစ်ပြည်လုံး မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင် တွေမှာ ှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၂) ပေ မှ (၄) ခန့် အထိရှိနိုင် ပါတယ်။

နေ့အပူချိန်များအခြေအနေ။

နေ့အပူချိန်များဟာချင်းပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကယား ပြည်နယ် တို့မှာ 23°C မှ 28°C၊ကျန်ဒေသ တွေမှာ 29°C မှ 33°C အထိရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ တစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား အဆင့် တွင်ရှိနေနိုင် ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီး တို့မှာ နေရာကွက်ကျား၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊စစ်ကိုင်းဒေ သကြီး(အောက်ပိုင်း)၊ ပဲခူး တိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသ တွေမှာ နေရာစိပ်စိပ်၊ မိုးထစ်ချုန်းရွာပါမယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသတွေမှာ မိုးပိုလာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။