ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ "smog" လို့ခေါ်တဲ့ မီးခိုးမြူ အထူဆုံးမြို့များထဲတွင် ပါဝင်နေသည့် "Ahvaz" အာဗက်ဇ်မြို့အကြောင်းပဲဖြစ်ပါတယ်...။ ထိုမြို့အကြောင်းကို မဖော်ပြပေးခင် မီးခိုးမြူ "smog" ဆိုတဲ့ ဝေါဟာရ ဘယ်လိုပေါ်ပေါက်လာရလဲ ဆိုတာကို ပြောပြပေးသွားမှာပါ....။ မီးခိုမြူဟူသည့် ဝေါဟာရသစ်ကို ကျောက်မီးသွေး မီးခိုးလျှော့ချရေး အသင်းမှု ဒေါက်တာ အိပ်ချ်အေ ဒက်စ် ဗွန်အက်စ်က လန်ဒန်မြို့ကို ရည်ညွှန်းကာ စတင် သုံးစွဲခဲ့ပါတယ်...။ ထိုစဉ် လန်ဒန်မြို့၌ ဖြစ်ပေါ်နေသော အခြား မြို့ကြီးများတွင် မရှိသည့် အနက်ရောင် မြူခိုးများကို ဖော်ပြရန် မီးခိုးနှင့် နှင်းမြူဝေါဟာရ နှစ်ခုကို ပေါင်းစပ်ပြီး မီးခိုးမြူဟု သုံးစွဲခဲ့ရာမှ တစ်ကမ္ဘာလုံး အသုံးတွင်ကျယ်ခဲ့ပါတယ်...။

photo credit pngtree

မီးခိုးမြူဟူသည့် ဝေါဟာရပေါ်ပေါက်လာပြီး နှစ်ပေါင်း တစ်ရာ အတွင်း မီးခိုးမြူများကို ကမ္ဘာ့ နေရာ အနှံ့ တွင် တွေ့ ရှိလာရပါတယ်...။ လေထုညစ်ညမ်းမှုသည် ကမ္ဘာ တစ်ဝန်းမှ လူသားများ၏ ကျန်းမာရေးကို အဓိက ခြိမ်းခြောက်လာသည့် ပြဿ နာတစ်ရပ် ဖြစ်လာခဲ့ပါတယ်...။ မြို့ပြ နေ လူသားများသည် လေထုညစ်ညမ်းမှုဒဏ်ကြောင့် နှစ်စဉ် လူဦးရေ ၁ ဒသမ ၃ သန်းခန့် သေဆုံး ကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကထုတ်ပြန်ကြေညာခဲ့ပါတယ်..။ ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်ကြသူ များ နေ့စဉ် ရှူရှိုက် နေကြရသည့် လေတွင် ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန် နှင့် သတ္ထု အမှုန် များပါဝင်နေပါတယ်...။

photo credit pngtree

ယင်းဓာတု ပစ္စည်း အမှုန်အမွှားများသည် လူသားများအား ရင်ကျပ် ပန်းနာစသောအသက်ရှူရှိုက်မှု ပြဿနာ များစွာနှင့် မျက်စိ ယောင်ယမ်း နာကျင်ခြင်းစသည်တို့ကို ဖြစ်စေပါတယ်...။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်သည် လေထုအတွင်း မျောပါနေသော ၁၀ မိုက်ခရို မီတာ အောက်သေးငယ်သော အမှုန် များ ( PM 10 ) ကို တိုင်းတာသည့် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှ ဒေသများ ဖြစ်သည်ဟု ဆိုပါတယ်...။ အာဗက်ဇ် (Ahvaz) - အီရန် နိုင်ငံမှ မြို့ (၄) ခုသည် ကမ္ဘာ့ မြူခိုး အထူဆုံး မြို့များ စာရင်းတွင် ပါဝင်ပါတယ်...။ အီရန် နိုင်ငံ အနောက်တောင်ပိုင်းရှိ ခူဇက်စတန် ပြည်နယ်မြို့တော် အာဗက်ဇ် (Ahvaz) သည် ကမ္ဘာ့ မီးခိုးမြူ အထူထပ်ဆုံးနေရာ ဖြစ်ပါတယ်...။ အာဗက်ဇ် သည် သံ၊ သံမဏိ နှင့် ရေနံ တူး လုပ်ငန်းများ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာမှုကြောင့် ( PM 10 ) အဆင့် (၃၇၂) ရှိနေကြောင်း (WHO) က ထုတ်ပြန်ခဲ့ပါတယ်...။ မီးခိုးမြူများ ထူထဲစွာ ရှိနေသဖြင့် အာဗက်ဇ်မြို့သည် နွေရာသီတွင် ပျမ်းမျှ အပူချိန် ၅၀ မှ ၅၅ စဲစီးယပ်စ် ရှိနေပါတယ်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။