Ti 9 တုန်းက ကောင်းမွန်တဲ့ လက်စွမ်းတွေ မပြသနိုင်ခဲ့တဲ့ Mineski Dota 2 Team အနေနဲ့ လက်ရှိအချိန်မှာ အသင်းရဲ့ players တွေအားလုံးနဲ့ လမ်းခွဲခဲ့ရပြီပဲဖြစ်ပါတယ်။

Ti 9 ယှဉ်ပြိုင်ခဲ့တဲ့ Mineski ရဲ့ roster ကတော့ Nikobaby , Moon , kpii , Bimbo နဲ့ ninjaboogie တို့ဖြစ်ပြီး Ti ပြီးဆုံးပြီး သိပ်မကြခင်မှာပဲ အသင်းရဲ့ carry player ဖြစ်တဲ့ Nikobaby နဲ့ supp players တွေဖြစ်တဲ့ Bimbo နဲ့ ninjaboogie တို့ဟာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာဆိုရင်လည်း အသင်းရဲ့ကျန်ရှိနေတဲ့ Mid player Moon နဲ့ offlane player kpii တို့ဟာ ရှေ့ဆင့်နောက်ဆင့်ဆို သလို အသင်းကနေ ထပ်မံထွက်ခွာသွားခဲ့ကြပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာဆိုရင် Mineski အသင်းမှာ Ti 9 ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ players တွေတစ်ယောက်မှ မရှိတော့တာကြောင့် Miniski အသင်းအနေနဲ့ လာမယ့် DPC seaon ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တသင်းလုံးစာ Full lineup ကိုလိုအပ်နေတာပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။