ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာတစ်ဝှမ်းရှိထူးခြားဆန်းပြားတဲ့ ကျောက်တုံးများအကြောင်းပဲဖြစ်ပါတယ်...။ ဖော်ပြခဲ့ပြီးတဲ့ ကျောက်တုံးများထက် ပို၍ထူးဆန်းတဲ့ ကျောက်တုံးများကို ပုံရိပ်တွေနဲ့တကွ စိတ်ဝင်စားဖွယ် ရေးသားဖော်ပြပေးမှာပါ....။ ထိုကျောက်တုံးများကတော့ "Chiremba Balancing rock"၊ "Maxican Hat"၊ "Devils Marbles"၊ "Kjeragbolten. Norway"၊ "Balanced rock" စသည်တို့ ဖြစ်ပါတယ်...။

photo credit Once A Glance Page

"Chiremba Balancing rock" (မျှခြေကျောက်တုံး) - ဇင်ဘာဘွေနိုင်ငံမှာ ဒီလိုကျောက်တုံးတွေတော်တော်များများရှိပါတယ်...။ ကျိုးလွယ်၊ ဆက်လွယ်တဲ့ ကျောက်တုံးတွေကို ရာသီဥတုနှစ်မျိုးနှစ်စားက တိုက်စားခဲ့လို့ ထိုကဲ့သို့ ပုံပေါက်လာရခြင်းဖြစ်ပါတယ်...။ ၎င်းဒေသတွင် အလားတူ ကျောက်တုံးပေါင်းများစွာ ရှိနေပါတယ်...။ "Maxican Hat" (မက္ကစီကန် ဦးထုပ်) အမည်ရှိ ကျောက်တုံးကတော့ "Utah" မြို့မှာတည်ရှိပြီး ထိုကျောက်တုံးတွေဟာ ပေ ၆၀ ကျယ်ဝန်းပြီး၊ ၁၂ ပေထူတဲ့ ကျောက်တုံးတွေပေါ်မှာ တည်ရှိနေပါတယ်...။

photo credit Once A Glance Page

Devils Marbles (တစ္ဆေဂေါ်လီ) - သြစတေးလျမှာ ရှိတဲ့ "Devils Marbles" ကျောက်တုံးက "Tennant Creek" တောင်ပိုင်းမှာတည်ရှိနေပြီး ကျောက်တုံးအရွယ်အစား 50 cm မှ စ၍ 6 mtr အထိရှိနေပါတယ်...။ နော်ဝေးမှာရှိတဲ့ "Kjeragbolten" ကျောက်တုံးက ၅ မီတာ ကုဗပုံရှိပြီး တောင်နံရံ နှစ်ခုကြားမှာ ညပ်နေပါတယ်...။ ကျောက်တုံးရဲ့ အောက်မှာတော့ အနက် 984 မီတာရှိသော ချောက်ကြီးရှိနေပါတယ်...။ "Balanced rock" ထိုကျောက်တုံးကတော့ အမေရိကန်နိုင်ငံ "Arches" အမျိုးသား ဥယျာဉ်ထဲမှာ တည်ရှိနေပြီး "၃၉" မီတာအမြင့်ရှိကာ အောက်ခြေက ၁၆.၇၅ မီတာရှိသော ကျောက်တုံးကြီးကတော့ ခရီးသွားတွေကို ဆွဲဆောင်မှု အပြည့်နဲ့ စောင့်ကြိုနေပါတယ်နော်...။

source Once A Glance Page

photo credit Once A Glance Page 

photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။