နှုတ်ခမ်းနီမလေးတွေအသည်းတွေကိုကြွေကျလောက်ရအောင် ဖမ်းစားနိုင်သူလေးကတော့ မော်ဒယ်ဘုန်းမင်းနေလပါ။ သူဟာ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့အချစ်ရဆုံးသားလေးပါ။ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ ဘုန်းဆိုးလေးဟာ စင်ကာပူနိုင်ငံတွင် ကျောင်းသွားတက်နေတာပါ။

Photo Credit- Phonemin Nay La’s Facebook
Photo Credit- Phonemin Nay La’s Facebook
Photo Credit- Phonemin Nay La’s Facebook

ဘုန်းဆိုးလေးဟာ လတ်တလောမှာတော့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတာပဲဖြစ်ပြီး အနုပညာအလုပ်တွေကိုအားလပ်ရက်များတွင်လုပ်ကိုင်နေတာပါ။ မနေ့ညကတော့ အမေဖြစ်သူ ခင်ဇာခြည်ကျော်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားတာပါ။

Photo Credit- Phonemin Nay La’s Facebook
Photo Credit- Phonemin Nay La’s Facebook
Photo Credit- Phonemin Nay La’s Facebook

ဒါကတော့ " သားသားအူအတက်ပေါက်လို့ အခုလေးတင် ခွဲစိတ်ခန်းဝင်သွားပြီ။ " ဆိုပြီး တင်ထားတာပါ။ ဒီပို့စ်တင်တင်ပြီးချင်းမှာတော့ သူ့ကိုစိတ်ပူကြတဲ့သူတွေများအတွက် ခင်ဇာခြည်ကျော်ကတော့ " သားသားဗိုက်ထဲကအူအတက်ပါ ခွဲစိတ်ခန်းကအခုထွက်ပါပြီ စိတ်ပူပြီးဆုတောင်းပေးကြသူများအားလုံး အထူးကျေးဇူးပါရှင် " ဆိုပြီး ကွန်မန့်ပြန်လည်ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Khinzar Chi Kyaw’s Facebook

Photo Credit- Phonemin Nay La’s Facebook 

Photo Credit- Phonemin Nay La’s Facebook
Photo Credit- Khinzar Chi Kyaw’s Facebook
Photo Credit- Khinzar Chi Kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။