အသံပါဝါ‌အားကောင်းကောင်းနဲ့ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အဆိုတော်စန္ဒီမြင့်လွင်ဟာဆိုရင် ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ဒီးဒီးက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

ဒီးဒီးက အခုဆိုရင် ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး သမီးချောချောလေးကိုလည်း ပိုင်ဆိုင်ထားတဲ့မေမေတစ်ယောက်ဖြစ်ပါတယ်နော်။ဒီးဒီးတို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့ နေထိုင်ကြလို့ ပရိသတ်တွေကတောင် အားကျနေရတာပါနော်။သမီးချောလေး Treasureကလည်း မေမေနဲ့ချွတ်စွတ်တူတဲ့ သမီးလေးပါ။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

ဒီးဒီးက သမီးလေးဘေးနားမှာအချိန်အပြည့်နေပြီး သေချာပြုစုစောင့်ရှောက်ကာ ပိုးမွေးသလိုယုယနေတာဖြစ်ပါတယ်။Treasureလေးကလည်း မေမေ့ကဲ့ဂရုစိုက်မှုတွေအောက်မှာ ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးလေးနဲ့ ချစ်စရာကောင်းအောင်ကြီးပြင်းလာတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဒီးဒီးတို့သားအမိနှစ်ယောက်က ချစ်စရာအမူအရာလေးတွေနဲ့ selfieဆွဲထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။