ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာအလုပ်တွေကိုလုပ်ဆောင်လာတာ ဆယ်စုနှစ်မကတောင်ရှိနေပါပြီနော်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို အပြည့်အဝရရှိထားတဲ့ မင်းမော်ကွန်းရဲ့ နုပျိုမှုကတော့ ငယ်ရုပ်လေးမပျောက်ဘဲ ခန့်ညားချောမောနေဆဲဖြစ်တာကို ပရိသတ်ကြီးလည်း လက်ခံကြမှာပါနော်။

Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook

အခုဆိုရင် မင်းမော်ကွန်းက နေတိုး ကျော်ကျော်ဗိုလ် ထွန်းထွန်း ရဲလေး မိုးယုစံ ဖူးစုံ မေကဗျာ မိုးပြည့်တို့နဲ့အတူ နှင်းဆီလှေအငြိမ့်ကို ရန်ကုန် မန္တလေးနှစ်နေရာမှာ ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ နှင်းဆီလှေအငြိမ့်ကတော့ ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီးအောင်မြင်နေတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ အဖွဲ့သားတွေကလည်း ပရိသတ်တွေအတွက် စိတ်နှစ်ပြီးတော့ကို ကြိုးစားထားကြတာပါနော်။

Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook

မနေ့ညကဆိုရင်တော့ နှင်းဆီလှေအငြိမ့်ကို မန္တလေးမှာအောင်အောင်မြင်မြင်နဲ့ ကပြဖျော်ဖြေပြီးသွားပြီဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့သားငယ်လေး ဧကဘုန်းမြတ်ကတော့ အနုပညာသွေးအပြည့်ပါတာကြောင့် ဖေဖေမင်းမော်ကွန်းတို့ဖျော်ဖြေနေတာလေးကို ကလန့်ကာနောက်ကွယ်မှာ ထိုင်ပြီး စိတ်ပါဝင်စားစွာ ‌အားပေးကြည့်ရှု့နေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook
Photo Credit:Kyaw Kyaw Htay Lwin's facebook

Photo Credit:Kyaw Kyaw Htay Lwin's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။