ပြိုင်ပွဲတွင် မွန်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တတိယကြေးတံဆိပ် ဆုသာ ရယူနိုင်ခဲ့သည့် ကျိုက်မရောလူငယ်အသင်းမှ ယခုနှစ်တွင် တံခွန်စိုက်ဆုဖလားကြီးကို ရယူသွားနိုင်ခဲ

ပါတယ်။MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများမှ တစ်ဆင့် အရည်အချင်းရှိ ရွက်ပုန်းသီး ကစားသမားများ ထွက်ပေါ်လာမည်ဟု မျှော်လင့်မိကြောင်း မွန်ပြည်နယ်အဆင့် MPT ယူ-၁၄ ၂၀၁၉ ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သည့် ကျိုက်မရောအသင်းနည်းပြချုပ် ဦးကြည်အေးကပြောပါတယ်။

photo credit : myanmar national league 's facebook
photo credit : myanmar national league 's facebook

ဦးကြည်အေးက “ပြိုင်ပွဲတွေသာ ရှိမယ်ဆို ကစားမယ့် ကလေးတွေက အဆင်သင့်ရှိနေပြီးသားပါ။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးလို့ သူတို့ရဲ့ အနာဂတ်အတွက် ပိုပြီး တောက်ပစေမယ်လို့ ထင်ပါတယ်။ ဒီအတွက်လည်း ပြိုင်ပွဲကျင်းပပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလိုသာဆက်ပြီး ပြိုင်ပွဲတွေ လုပ်သွားနိုင်မယ်ဆို သေချာပေါက် ကစားသမားကောင်းတွေ ထွက်ပေါ်လာမှာပါ” ဟု ဦးကြည်အေး ၎င်း၏အမြင်ကို ပြောပါတယ်။

photo credit : myanmar national league 's facebook
photo credit : myanmar national league 's facebook

ဒုတိယအကြိမ် မွန်ပြည်နယ်အဆင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၄ ရက်အထိ မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ပြိုင်ပွဲမှ ထူးချွန်ကလေးငယ်များအား စိစစ်ရွေးထုတ်၍ စနစ်တကျ ပြုစုပျိုးထောင်ပေးမည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားရှိရာ ဘောလုံးအားကစားဖြင့် အနာဂတ်ကို တည်ဆောက်လိုသည့် ကျောင်းသားလူငယ်ထု၏ အားကိုး အားထားပြုရာ ပြိုင်ပွဲတစ်ခုလည်း ဖြစ်လို့နေပါတယ်။

source:myanmar national league 's facebook 

photo credit : myanmar national league 's facebook
photo credit : myanmar national league 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။