ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိချောပိုကတော့ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။လက်တလောမှာလည်း အိချောပိုက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါတင်သရုပ်ဆောင်နေလို့ ရှုတင်တွေကိုသွားနေရတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း အိချောပိုရဲ့ဇာတ်ကားအသစ်တွေကို အားပေးကြဖို့စောင့်မျှော်နေကြတာဖြစ်ပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အိချောပိုက သဘောကောင်းဖော်ရွေပြီး စိတ်ထားဖြူစင်လို့ လူချစ်လူခင်ကလည်းပေါများကာ ပေါင်းသင်းဆက်ဆံရေးလည်း ဝင်ဆန့်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အနုပညာမောင်နှမတွေနဲ့လည်း ခင်မင်ရင်းနှီးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးပါနော်။စိတ်ထားလေးဖြူစင်ပြီး ရိုးရှင်းပွင့်လင်းသူလေးဖြစ်လို့လည်း ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အခုဆိုရင်လည်း အိချောပိုက မြင့်မြတ်နဲ့အတူတူ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။မြင့်မြတ်က သားလေးမြတ်သူကို ရှုတင်ခေါ်လာတာကြောင့် အိချောပိုကတော့ မြတ်သူလေးကို ချီပိုးပြီး စနောက်ပျော်ရွှင်နေတာဖြစ်ပါတယ်။အနေအေးလွန်းတဲ့ သားသားမြတ်သူလေးကတော့ အိချောပိုရဲ့လက်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနာ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

Photo Credit:Ei Chaw Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။