ပါးလေးဖောင်းဖောင်းကစ်ကစ်လေးနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးထဲထိ နေရာယူထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးပါ။ သားလေးဟာ အသက်တစ်နှစ်ပြည့်ပြီဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ ဒုနဲ့ဒေးရှိနေတာပါ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း မြင်ရသူတိုင်းကို အသည်းယားပြီးအချစ်တွေပိုပိုတိုးစေတာပါ။ 

Photo Credit- May Thu’s ( Liam’s Fans Group)
Photo Credit- May Thu’s ( Liam’s Fans Group)
Photo Credit- May Thu’s ( Liam’s Fans Group)

လီလီလုံးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေနေ့တိုင်းစောင့်မျှော်ရလောက်အောင်ကို အသည်းယားပြီး ချစ်စရာကောင်းလွန်းတာပါ။ ဖွားဖွားမေသူကလည်း မြေးလေးရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကိုလည်း သူမရဲ့ Facebook အကောင့်မှတစ်ဆင့် မကြာခဏတင်ပေးလေ့ရှိတာပါ။ 

Photo Credit- May Thu’s ( Liam’s Fans Group)
Photo Credit- May Thu’s ( Liam’s Fans Group)
Photo Credit- May Thu’s ( Liam’s Fans Group)

အခုတစ်ခါမှာလည်း လက်သည်းညှပ်ပေးနေတာလေးကို တစ်ချက်မှမငိုဘဲ ငြိမ်ငြိမ်လေးငြိမ်ခံနေတာလေးကို ဖိုးဖိုးလွင်မိုးက အမှတ်တရဗီဒီယိုလေး ရိုက်ပေးထားတာပါ။ ဒီဗီဒီယိုလေးကိုတော့ ဖွားဖွားမေသူရဲ့လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက်တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s ( Liam’s Fans Group)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။