ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့သည့် မွန်ပြည်နယ်အဆင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်း မော်လမြိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဗိုလ်လုပွဲစဉ်အဖြစ် သထုံညွန့်ပေါင်းအသင်းနှင့် ကျိုက်မရောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျိုက်မရောလူငယ်အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

photo credit :myanmar national league ' s facebook
photo credit :myanmar national league ' s facebook

MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို ကျိုက်မရောအသင်း၊ ဒုတိယဆုကို သထုံညွန့်ပေါင်းအသင်း၊ တတိယဆုကို ကျိုက်ထိုလူငယ်အသင်းတို့ ရရှိခဲ့ပြီး ပထမဆုကို ဆုဖလားနှင့် အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်အပါအဝင် ဆုကြေးငွေ ၃ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အသန့်ရှင်းဆုံးအသင်းဆုနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။

photo credit :myanmar national league ' s facebook
photo credit :myanmar national league ' s facebook

ဒုတိယအကြိမ် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်ချန်ပီယံ မော်လမြိုင်လူငယ်အသင်းမှာ ယခုနှစ်တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။   ၂၀၁၉ ပြိုင်ပွဲများအဖြစ် မန္တလေး၊ ရွှေဘို(စစ်ကိုင်း)၊ ရန်ကုန်၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ဘားအံ၊ မော်လမြိုင်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ဆက်လက်၍ ရခိုင်ပြည်နယ်အဆင့်(စစ်တွေ) နှင့် ဧရာဝတီတိုင်းဒေသကြီးအဆင့်(ပုသိမ်)တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါတယ်။

source:myanmar national league ' s facebook 

photo credit :myanmar national league ' s facebook
photo credit :myanmar national league ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။