ကာဂျစ်စတန် အသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရန် အတွက် မြန်မာ့လက်ရွေးစင် ကစားသမား ၂၃ဦးစာရင်းကို နည်းပြချုပ် မီရိုဒရပ်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။အဆိုပါစာရင်းတွင်တိုက်စစ်မှူး ကျော်ကိုကိုနှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့မှာ ဒူးဒဏ်ရာများကြောင့် အသင်း၏လူစာရင်းတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

photo credit :MFF's facebook
photo credit :MFF's facebook

ကျော်ကိုကိုဟာ ၎င်း၏ ဒဏ်ရာဟောင်းဖြစ်သော ဒူးဒဏ်ရာကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ပြီး မောင်မောင်လွင်သည်လည်း ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အသင်း၏ ဆရာဝန်ဖြစ်သော ဒေါက်တာ အောင်ကျော်ဦးက အတည်ပြုခဲ့ပါတယ်။

photo credit :MFF's facebook
photo credit :MFF's facebook

မြန်မာ့လက်ရွေးစင် အသင်းသည် ကာဂျစ်စတန်နိုင်ငံသို့ အောက်တိုဘာ ၆ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်တွင် ကာဂျစ်စတန် အသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပါတယ်။၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန်နိုင်ငံတွင် ကာဂျစ်စတန်အသင်းနှင့် သွားရောက်ယှဉ်ပြိုင် ကစားရန် အတွက်မြန်မာ့လက်ရွေးစင် အသင်းဟာ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။

source:MFF's facebook 

photo credit :MFF's facebook
photo credit :MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။