ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊အသုံးအဆောင်များ၊အနုလက်ရာများ၊ လက်နက်များကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်...။ ထိုမျှသာမက ရှေးခေတ်လူသားတို့၏ စိတ်ကူးစိတ်သန်းများဖြင့် ရေးဆွဲခဲ့ကြသော ပန်းချီလက်ရာများကိုလည်း ယင်းတို့နေထိုင်ခဲ့ရာဒေသများတွင် တွေ့ရှိ ခဲ့ကြရပါတယ်...။ ကျောက်ခေတ်ကာလများက လူသားတို့သည် ကျောက်လိုဏ်ဂူများအတွင်း နေခဲ့ကြသည်ဖြစ်လေရာ အချို့သော ကျောက်ဂူများအတွင်းတွင် သူတို့ရေးဆွဲခဲ့ကြသည့် ပန်းချီရုပ်ပုံများကို ယနေ့တိုင် မြင်တွေ့နိုင်ပါတယ်...။

photo credit pngtree

မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦးကာလမှ လူသားတို့၏ နံရံ ဆေးပန်းချီများ "ပြဒါးလင်းဂူ"ကဲ့သို့ပင် အချို့သောနိုင်ငံ များတွင်လည်း ရှေးခေတ်လူသားတို့၏ နံရံပန်းချီများကို တွေ့ရှိနိုင်ရာ ကမ္ဘာ အနှံ့မှ ခရီးသွားများ သွားရောက်လေ့လာ ကြည့်ရှု လျက်ရှိပါတယ်...။ ထိုနံရံ ဆေးရေး ပန်းချီတွေထဲကမှ ပြင်သစ်နိုင်ငံရှိ "Lascaux" (လက်စ်ကောက်) လိုဏ်ဂူမှ သမိုင်းဝင် ရုပ်ပုံများအကြောင်းကို တင်ဆက်ပေးမှာပါ....။

photo credit pngtree

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ "Lascaux"လိုဏ်ဂူများသည် သမိုင်းမတင်မီကာလကတည်းက တည်ရှိခဲ့သော ဂူ အစုအဝေးတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုကောင်းလှသော ဂူနံရံပန်းချီများကြောင့် ထင်ရှားလှပါတယ်...။ သက်တမ်းနှစ်ပေါင်း "၁၇၀၀၀"မျှ ရှိပြီဟု ပညာရှင်တို့ ခန့်မှန်းထားကြသည့် "Lascaux" လိုဏ်ဂူမှ နံရံပန်းချီများသည် ဂူအဝင်အဝနှင့် မလှမ်းမကမ်းတွင် တည်ရှိနေကြပြီး ဖယောင်းတိုင် အလင်းရောင်ဖြင့် ရေးဆွဲခဲ့သည်ဟု ယူဆကြပါတယ်...။ ယင်းတို့အနက်အထင်ရှားဆုံးပုံမှာ နွားများ၊ မြင်းများနှင့် သမင်များကို တစ်စုတစ်ဝေးတည်း ရေးဆွဲထားသော ပုံများပင်ဖြစ်ပါတယ်...။ နွားတစ်ကောင်၏ ပုံသည် ၅.၂ မီတာ( ၁၇ ပေ) မျှပင်ရှိလေရာ တွေ့ရှိသမျှသော ဂူနံရံပန်းချီများတွင်အကြီး ဆုံးဖြစ်ပါတယ်...။ "Lascaux" လိုဏ်ဂူများရှိ နံရံပန်းချီများကို လာရောက်ကြည့်ရှုကြသူများ အလွန်များပြားလှသဖြင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာကာ ပြင်သစ်အစိုးရက "Lascaux"လိုဏ်ဂူများကို အပြီးပိတ်ခဲ့ပြီး "Lascaux II" လိုဏ်ဂူတစ်ခုကို "Lascaux" လိုဏ်ဂူများ အနီးတွင် တည်ဆောက်ပေးခဲ့ပြီး မူလ လိုဏ်ဂူများ၏ ပုံတူများကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားတာဖြစ်ပါတယ်...။

Source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။