ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေထဲမှာ ခင်ဇာခြည်ကျော်ရဲ့ သားလေး ဘုန်းမင်းနေလကလည်း အပါအဝင်ပါပဲ..။

ချောမောခန့်ညားပြီးဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ လူငယ်ပီပီပျော်ပျော်နေတဲ့တတ်တဲ့ ဘုန်းမင်းနေလကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အများဆုံး ရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Khinzar Chikyaw's Facebook
Photo Credit - Khinzar Chikyaw's Facebook

ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်မင်းသားချောလေး ဘုန်းမင်းနေလကတော့ လတ်တလောမှာ အူအတတ်ပေါက်လို့ ခွဲစိတ်ကုသမှုခံယူထားရပါတယ်နော်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၄)ရက်နေ့က ညတွင်းချင်းခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပြီး လတ်တလောမှာလည်း ဆေးရုံမှာပဲ အနားယူယူနေရပါတယ်..။

Photo Credit - Khinzar Chikyaw's Facebook
Photo Credit - Khinzar Chikyaw's Facebook

ခွဲစိတ်ကုသမှုခံယူထားရတဲ့ ဘုန်းမင်းအတွက် မေမေခင်ဇာခြည်ကျော်နဲ့ ညီမလေးဖြစ်သူ ထင်သစ္စာတို့ကလည်း ဆေးရုံမှာစောင့်ရင်း ပရိသတ်တွေကို အသိပေးပြာပြထားပါသေးတယ်..။

"သားမိနှစ် ယောက် သား သား ကို ဂျူတီ စောင့်.." ဆိုပြီး သားလေးဘုန်းမင်းနေလကို ဆေးရုံစောင့်ပေးနေတဲ့ သားအမိနှစ်ယောက်ပုံလေးတွေကိုလည်း မေမေခင်ဇာခြည်ကျော်က မျှဝေထားတာပါ..။

Photo Credit - Khinzar Chikyaw's Facebook
Photo Credit - Khinzar Chikyaw's Facebook

Photo Credit - Khinzar Chikyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။