တစ်ခေတ်တစ်ခါက တီဗီကြော်ငြာများနဲ့ဗီဒီယိုဇာတ်ကားများတွင် နေရာယူထားသူကတော့ သရုပ်ဆောင်မင်းသမီး နန္ဒာလှိုင်ပါ။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကိုမလုပ်တော့ဘဲ မိသားစုကိုသာအချိန်ပေးနေတာပါ။ သူမဟာ စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နေတာပဲဖြစ်ပြီး အားလပ်ချိန်များတွင်တော့သမီးလေးတွေကို အချိန်ပေးလေ့ရှိသူပါ။  

Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook

နန္ဒာဟာ လတ်တလောမှာတော့ ခင်ပွန်းနဲ့အတူ အလုပ်ပိစ္စနဲ့ခရီးထွက်နေတာပါ။ သူတို့ဇနီးမောင်နှံဟာ အလုပ်ကိစ္စနဲ့မန္တလေးကို ရောက်ရှိနေတာပါ။ အလုပ်အားတဲ့အချိန်လေးမှာတော့ ပုဂံကိုဘုရားဖူးထွက်ခဲ့ကြတာပါ။ 

Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook
Photo Credit - Nandar Hlaing’s Facebook

မနေ့ကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် Live လွှင့်ခဲ့တာပါ။ ဒါကတော့ ပုဂံကိုသွားနေတဲ့လမ်းတစ်ဝက် လက်ပံပျားရွာတွင် နာမည်အကြီးဆုံးအရာဖြစ်တဲ့ လက်ပံပျားကြက်ကြော်တွေအများကြီး ဝယ်ယူနေတာပါ။ သူမကတော့ " ရန်ကုန်သို့ကားစီးလာသောလက်ပံပျားကြက်ကြော်များ

စာသင်ကျောင်းရှေ့မှာဝယ်တာပါနော် ဈေးလဲလျော့ပေးပါတယ်နော်ကြီးတာလဲရွေးပေးပါတယ်နော် ကဲ လက်ပံပျားကအဒေါ်ကြီးတွေကြော်ငြာပေးတယ်နော် “ ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေး လိုက်ပါတယ်။

Source- Nandar Hlaing’s Facebook

Photo Credit - Nandar Hlaing’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။