ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် ခြူးလေးပါ။ သူမကတော့ ဇာတ်လမ်းတွဲများသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများပါရိုက်ကူးနေရသူပါ။ လတ်တလောမှာလည်း သရုပ်ဆောင် နေတိုး၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးနေတာပါ။ 

Photo Credit - Chue Chue's Facebook
Photo Credit - Chue Chue's Facebook
Photo Credit - Chue Chue's Facebook

မကြာသေးခင်ကလည်း သူမရဲ့မွေးနေ့ပွဲလေးကို နယ်မှာပဲ ချစ်ရတဲ့ အနုပညာရှင်များနဲ့အတူ ကျင်းပခဲ့တာပါ။ ချစ်ရတဲ့ မိတ်ဆွေများနဲ့ ပရိသတ်များက အမြတ်တနိုးနဲ့ပေးကြတဲ့ မွေးနေ့လက်ဆောင်များကြောင့်လည်း ပျော်ရွှင်နေတာပါ။ Tik Tok ဗီဒီယိုလေးတွေလည်း မကြာခဏတင်လေ့ရှိသူ ခြူးလေးကတော့ အခုမှာလည်း ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေး တစ်ခုတင်ထားပြန်ပါပြီ။  

Photo Credit - Chue Chue's Facebook
Photo Credit - Chue Chue's Facebook
Photo Credit - Chue Chue's Facebook

ဒါကတော့ တရုတ်သီချင်းလေးကိုနောက်ခံထားကာ တရုတ်မလေးလိုပြင်ဆင်ပြီး ချစ်စရာကောင်းလောက်အောင် Tik Tok ကစားထားတာပါ။ ပရိသတ်တွေ ချစ်မဝဖြစ်သွားစေမယ့် ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Chue Chue's Facebook 

Photo Credit - Chue Chue's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။