နက်မှောင်လွန်းတဲ့ ဆံပင်ရှည်လေးနဲ့ ပုရိသတွေကို ဆွဲဆောင်ထားသူကတော့ သရုပ်ဆောင် ယွန်းယွန်းပါ။ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကတော့ အနုပညာလောကကို ကလေးသရုပ်ဆောင်အရွယ်တည်းက ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေချစ်ရတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ပါ။ ယွန်းယွန်းဟာအခုဆိုရင်ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလို့လာပြီး အရင်ကထက်အနုပညာလှုပ်ရှားမှုတွေ ပိုပြီးလုပ်ကိုင်လာတာပါ။

Photo Credit -Yoon Yoon's Facebook
Photo Credit -Yoon Yoon's Facebook

သူမဟာချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်အရှည်လေးတွေကို ငယ်ငယ်လေးကတည်းကခုချိန်ထိ တန်ဖိုးထားသူတစ်ယောက်ပါ။ယွန်းယွန်းဟာ ကလေးဘဝတည်းက သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိခဲ့တာပါ။ ယွန်းယွန်းဟာ ဗီဒီယို ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု အကယ်ဒမီ ကိုလည်းရရှိထားတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်းကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုလည်း လစ်ဟာမှုမရှိဘဲ ကြိုးကြိုးစားစားလုပ်ကိုင်လျှက်ရှိပါတယ်။

Photo Credit -Yoon Yoon's Facebook
Photo Credit -Yoon Yoon's Facebook

အခုဆိုရင်ယွန်းယွန်းဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုအလည်အပတ်ရောက်ရှိနေတာပါ။ သူမရဲ့ခရီးသွားပုံရိပ်လေးတွေကိုတင်ထားတာဘဲဖြစ်ပြီးယွန်းယွန်းကိုချစ်သောပရိသတ်များအတွက် ဒီပုံလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit -Yoon Yoon's Facebook

Photo Credit -Yoon Yoon's Facebook
Photo Credit -Yoon Yoon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။