ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး "Miss Universe Myanmar 2015၊ 2016" ၂နှစ်လုံး အလှသရဖူကိုဆွတ်ခူးထာနိုင်တဲ့ အလှမယ် ထက်ထက်ထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ လတ်တလောမှာတော့ မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်ဖက်ကိုကူးပြောင်းလာခဲ့ပြီး ပရိသတ်အများအပြားရဲ့လက်ခံအားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့ လူတိုင်းအပေါ် အပြောအဆိုအမူအရာ ချိုသာပြေပြစ်လွန်းတဲ့အတွက်ကြောင့် ယောကျာ်းပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

Photo Credit : A Linn Young
Photo Credit : A Linn Young

ထက်ထက်ထွန်းကတော့ အချိန်တိုင်း ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေနဲ့ အမြဲ စမတ်ကျလှနေသူလည်းဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်များကိုလည်း ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ PadamyarFM 10th Anniversary ပွဲကို အမိုက်စားဖက်ရှင်လေးနဲ့တက်ရောက်လာတဲ့ ပွဲတက်ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : A Linn Young
Photo Credit : A Linn Young

ကဲ..ချစ်ပရိသတ်ကြီးတွက် ထက်ထက်ထွန်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ ထက်ထက်ထွန်းကတော့ မိန်းကလေးတစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသမီးချောလေးလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူမရဲ့ ရှေ့ဆက် အနုပညာအလုပ်တွေကိုအားပေးလိုက်အုံးပါနော်။

Photo Credit : A Linn Young
Photo Credit : A Linn Young

Source:Htet Htet Htun Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။