နိုင်ငံကျော်ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦး ရဲ့ တူမဖြစ်သူ သရုပ်ဆောင် နဝရတ်ကတော့ ပျောက်ချက်သားကောင်းနေပါတယ်မှတ်တာ ခရီးတွေထွက်နေတာကိုး ။

ဟန်မူရာသွက်သွက်လက်လက်ပြောဆိုသရုပ်ဆောင်တတ်တဲ့ နဝရတ်တစ်ယောက် ဇာတ်ကားတွေအရိုက်နညး်တာ ပရိသတ်ကြီးလည်း သတိထားမိမှာပါ။

လက်ရှိမှာတော့ နဝရတ်ဟာ ဂျပန်နိုင်ငံကို သူငယ်ချင်းတွေကြောင့် အလည်အပတ်ရောက်ရှိနေတဲ့ပုံပါပဲ။

“(၅)တန်းတုန်းကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေ လိုက်ဝယ်ကျွေးတဲ့စားသောက်ဆိုင်မှာ ကြောက်ကြောက်နဲ့ စားခဲ့ရပါတယ်” အကြောင်း လူမှုကွန်ရက်မှာ တင်ထားတာပါ။ ဂျပန်မှာ ဆိုင်အဲ့လောက်တောင်ရှားသလားဆိုပြီး သူငယ်ချင်းဖြစ်သူကို စစနောက်နောက်ပြောခဲ့ပါတယ်။

ဂျပန်က စားသောက်ဆိုင်ရဲ့အပြင်အဆင်ကလည်း ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်။ သရဲလိုလိုရုပ်ထုတစ်ချို့နဲ့ မှောင်ပျပျ အခန်းပုံစံ ပြင်ဆင်ထားလို့ နဝရတ်တစ်ယောက် လန့်နေမှာအမှန်ပါပဲ။

ဒီလိုနဲ့ပဲ နဝရတ်တစ်ယောက် အမှတ်တရပုံလေးတွေရိုုက်ဖြစ်ခဲ့ပါသေးတယ်။  

သတင်းအရင်းမြစ် Nawaratt kokofb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။