ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်ောတ် အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အဆိုတော် အေသင်ချိုဆွေရဲ့ ချစ်စရာ သမီးချောလေး အိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။

ပါးပြည့်ပြည့်ဖောင်းဖောင်း ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ အိုင်ဗီလေးကတော့ တစ်နေ့တစ်ခြား မရိုးနိုင်တဲ့ အသည်းယားစရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းလေးတွေကို ခြွေယူနိုင်သူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Athen Cho Swe’s Facebook
Photo Credit - Athen Cho Swe’s Facebook

ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေး အိုင်ဗီလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို မေမေအေသင်ကလည်း ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အိုင်ဗီလေးရဲ့ ဗီဒီယိုလေးကို ထပ်မံမျှဝေပေးလိုက်ပြန်ပါတယ်..။

အချစ်တော်ခွေးမလေးနဲ့အတူ သူငယ်ချင်းတွေလို ကစားပြီး စက်ဘီးပေါ်တင်ပြီး တွန်းပေးနေတဲ့ အိုင်ဗီလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။


Photo Credit - Athen Cho Swe’s Facebook
Photo Credit - Athen Cho Swe’s Facebook

စက်ဘီးပေါ်တင်ပြီး တွန်းပေးနေပြီး ခွေးလေးဆင်းသွားလို့လည်း အသည်းတွေယားပြီးအော်နေသလို သူ့ရဲ့အချစ်တော်ခွေးမလေးရဲ့ ခေါင်းလေးကိုလည်း တယုတယလေးသပ်ပေးနေတဲ့ အိုင်ဗီလေးကတော့ တကယ်ကို ချစ်စရာကောင်းလွန်းနေပါတယ်နော်..။

အချစ်တော်ခွေးလေးနဲ့အတူ ကစားရင်း စကားတွေပြောကာ ပျော်နေတဲ့ အိုင်ဗီလေးရဲ့ အသည်းယားစရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Athen Cho Swe’s Facebook

Photo Credit - Athen Cho Swe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။