ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက်လုပ်ဆောင်နေပြီး စီးပွားရေးကိုသာ တွင်ကျယ်အောင်ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။လွင်မိုးရဲ့မိသားစုလေးက သာယာနွေးထွေးပျော်ရွှင်ဖွယ်ကောင်းပြီး အခုဆိုရင် သမီးကြီးယွန်းဝတီလွင်မိုးက မွေးတဲ့မြေးချောလေးတစ်ယောက်တောင်ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သြစတေးလျမှာ ပညာသင်ကြားနေကြပြီး သားလေးကိုတော့ ဖိုးဖိုးဖွားဖွားတို့ လက်ထဲအပ်ခဲ့ကာ အနာဂတ်အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်။သားလေးကိုတော့ liam လေးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး မြန်မာနာမည်ကိုတော့ လွင်ထက်လို့ နာမည်ပေးထားပါတယ်နော်။Liam လေးကတော့ ဖေဖေနဲ့လည်းတူသလို ဖိုးဖိုးလွင်မိုးနဲ့လည်းတူတယ်လို့ ပရိသတ်တွေကပြောကြပါတယ်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

အခုဆိုရင်တော့ Liam လေးက ၁နှစ်နဲ့၂လအရွယ်ကို ရောက်ရှိနေပြီး လမ်းလည်းကောင်းကောင်းလျှောက်တတ်နေပါပြီနော်။အသက်ငယ်ငယ်လေးနဲ့ ချစ်မွှေးပါလွန်းလို့ ပရိသတ်တွေအများအပြားကLiam လေးကိုချစ်ကြပါတယ်။အခုနောက်ပိုင်းမှာ Liamလေးက အရမ်းတတ်လာပြီး ချစ်စရာအမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကိုခြွေနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

Photo Credit:May Thu(Liam's Fans Group)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။