အာရှဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းပြုလုပ်သည့် AFC-CMS Training Workshop 2019 ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။AFC-CMS Training Workshop 2019 သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ၁၊ ၂ ကလပ်အသင်းများမှ Club Licensing Manager များနှင့် မီဒီယာတာဝန်ခံများ တက်ရောက်လျက်ရှိပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ AFC-CMS (Competition Management System) Training Workshop 2019 အား နိုင်ငံတကာဘောလုံးအဆင့်အတန်းနှင့် အညီ အာရှဘောလုံးဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်မှုအရ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ FIFA Connect System အား ၂၀၁၉ ဘောလုံးရာသီ၌ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများတွင် စမ်းသပ်အသုံးပြုခဲ့ပြီ ဖြစ်ပါကြောင်း၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ သတ်မှတ်ချက်အရ လာမည့် ၂၀၂၀ ဘောလုံးရာသီတွင် FIFA Connect System နှင့် AFC CMS Online System တို့အား မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သို့ဖြစ်သောကြောင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကလပ်အသင်းများဘက်မှလည်း အားလုံးပူးပေါင်းဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။