ပရိသတ်ကြီးရေ သမီးတစ်ယောက်မေမေဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးချောလေးကို သေချာပြုစုစောင့်ရှောက်ပေးတာကြောင့် Treasure လေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကာ ပါးဖောင်းဖောင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းပါတယ်နော်။စန္ဒီမြင့်လွင်က သမီးလေးကို အင်္ကျီလှလှလေးတွေ ဂါဝန်လှလှလေးတွေဝတ်ပေးပြီး သမီးလေးရဲ့ချစ်စရာကောင်းပုံလေးတွေကို အရမ်းချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's IG
Photo Credit:Thiha Lwin's IG

စန္ဒီမြင့်လွင်ရဲ့ ချစ်ခင်ပွန်းကလည်း ဇနီးသည်နဲ့သမီးလေးကို အားတဲ့အချိန်တိုင်းအချိန်ပေးပြီး ကြင်နာယုယပေးတာကြောင့် ဒီးဒီးတို့ရဲ့မိသားစုဘဝလေးက အရမ်းသာယာနွေးထွေးလှပါတယ်နော်။စန္ဒီမြင့်လွင်ကတော့ သီချင်းတွေကို ဖြည်းဖြည်းချင်းပြန်လုပ်နေပြီး ပရိသတ်တွေအတွက် ဆန်းသစ်ပြီးထူးခြားတဲ့သီချင်းကောင်းလေးတွေကို သမီးလေးကိုထိန်းရင်း ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Treasure လေးကတော့ ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး အနေအေးတဲ့ကလေးလေးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ Treasure လေးက မေမေနဲ့အတူတူ နှစ်ခြိုက်စွာအိပ်ပျော်နေပြီး အိပ်နေရင်းပြုံးနေတဲ့ပုံလေးကို ဖေဖေက သားအမိနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးကို မှတ်တမ်းတင်ထားတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thiha Lwin's IG
Photo Credit:Thiha Lwin's IG
Photo Credit:Thiha Lwin's IG

Photo Credit:Thiha Lwin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။