သဥ္ဇာ့နွယ်ဝင်းကတော့ အနုပညာအလုပ်တွေရပ်နားထားပေမယ့် ပရိတ်သတ်နဲ့အဆက်အသွယ်မပြတ်သွားခဲ့ပါဘူး ။

လူမှုကွန်ယက်မှာ သူမပရိတ်သတ်တွေနဲ့ သူမကတော့ စကားတွေ အပြန်အလှန်ပြောရင်း သူမရဲ ့ personal info လေးတွေကိုအမြဲတမ်း မျှဝေလေ့ရှိပါတယ် ။

သူမခင်ပွန်းသည်ကတော့ အနုပညာရှင်မဟုတ်ပေမယ့် သူမခင်ပွန်းဆီလဲ စာတွေပို့နေတဲ့သူတွေရှိနေပါတယ်တဲ့ ။

ဘာစာတွေလဲလို့ပြောမထားပေမယ့် သဥ္ဇာ့နွယ်ဝင်းက စာပို့တဲ့သူတွေကို

"သဥ္ဇာ့အမျိုးသားကို စာပို့မယ်ဆိုရင်လေ English လိုနဲ့ မြန်မာလိုနဲ့ တရုတ်လိုပဲပို့နော်။ သူက broken English တွေမဖတ်တက်လို့။ အခုပဲသူ့ကိုပို့ထားတာ ကိုယ်မနည်းဖတ်လိုက်ရတယ် ဘာတွေရေးမှန်းလည်းမသိဘူး။ ?" ရယ်လို့ ပြောထားခဲ့ပါတယ် ။

ခင်ပွန်းဖုန်းထဲကအကြောင်းအရာတွေကိုသူမလဲသိပါတယ်တဲ့ ။ ပါးပါးနပ်နပ်ဖြေရှင်းနိုင်စွမ်းရည်ကိုပြသသွားတာမို့ သူမပရိတ်သတ်တွေကတော့ကျေနပ်နေကြပါလေရော ...

Source : Thinzar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။