ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် ဝါရင့်သရုပ်ဆောင် ဒိတ်ဒိတ်ကြဲမင်းသမီးချောနှစ်ယောက်ကတော့ ခိုင်သင်းကြည်နဲ့ မိုးဟေကိုတို့ပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေက မခိုင်လေးနဲ့ မိုးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ပြည်သူအသည်းကျော် မင်းသမီးချောနှစ်ယောက်ကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတဲ့ မခိုင်လေးနဲ့ မိုးတို့ကတော့ အခုတစ်ခါမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပြီး Bella ရဲ့ အခမ်းအနားပွဲလေးကိုလည်း အတူ တက်ရောက်ခဲ့ကြပါတယ်..။

အခမ်းအနားပွဲလေးအတူတက်ရောက်ရင်း နှစ်ယောက်သားချစ်စရာကောင်းတဲ့ အမှတ်တရလေးတွေကို ပရိသတ်တွေကို ပြန်လည်ပြောပြရင်း တစ်ယောက်ရဲ့စိတ်ထားလေးတွေနဲ့ အလှတရားလေးတွေကိုလည်း တစ်ယောက်က ပြောပြထားကြပါသေးတယ်..။


Photo By Myanmarload
Photo By Myanmarload

မိုးက မျက်နှာအသားအရေတင်မဟုတ်ပဲ ခန္ဓာကိုယ်လည်း ပြောစရာအမလိုအောင်လှပြီး ကလီစာတွေပါ အကုန်လှတော့ အရမ်းချောတဲ့ မင်းသမီးလေးဖြစ်သလို စိတ်ထားလေးကလည်း ဖြူစင်တဲ့သူလေးဖြစ်တဲ့အကြောင်းလေးကို မခိုင်လေးက ပြောပြထားပါတယ်နော်..။

မခိုင်လေးရဲ့ ချစ်စရာကောင်းတဲ့အောကရာင်းလေးကိုလည်း မိုးက “မခိုင်လေးက ပွင့်လင်းပြီး စနောက်ရင်လည်း အထာမကိုင်တတ်သလို မိုးတို့ ငယ်ငယ်ကတည်းက အတိုင်း လှနေတုန်း..” ဆိုပြီး ပြောပြထားကြတာပါနော်..။

အခုတစ်ခါမှာလည်း ချစ်ရတဲ့ Myanmarload မှ ချစ်ပရိသတ်တွေအတွက်လည်း အသည်းကျော်လေးနှစ်ယောက်ရဲ့ ချစ်စရာအင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။