ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေတခဲနက်ရရှိထားပြီး အောင်မြင်မှုတွေသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားချော နေမင်းကလည်း အပါအဝင်ပါပဲ..။

အောင်မြင်တဲ့အနုပညာရှင်အဖြစ် လျှောက်လှမ်းနေတဲ့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချောနေမင်းကတော့ ဒီကနေ့လေးမှာပဲ သာသနာ့ဘောင်ဝင်ရောက်သွားပြီဖြစ်ပါတယ်နော်..။


Photo Credit – Nay Min’s Facebook
Photo Credit – Nay Min’s Facebook

ဒီကနေ့ အောက်တိုဘာ(၇)ရက်နေ့မှာပဲ ရွှေဘုန်းပွင့်ဘုရားမှာ သာ့သနာ့ဘောင်ဝင်ရောက်ပြီး ကုသိုလ်ယူခဲ့တာဖြစ်ပြီး ဆံချတဲ့အမှတ်တရလေးတွေနဲ့ သာသနာ့ဘောင်ဝင်တဲ့ပုံရိပ်လေးတွေကိုလည်း နေမင်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတဲ့ အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ကြည်ညိုရိုသေစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။


Photo Credit – Nay Min’s Facebook
Photo Credit – Nay Min’s Facebook

မကြာခင်သီတင်းကျွတ်တော့မယ့် မြန်မာတို့ရဲ့ကုသိုလ်ယူအချိန်အခါလေးအမှီ သာသနာ့ဘောင်ဝင်ရောက်ကုသိုလ်ယူနေတဲ့ ဦးဇင်းနေမင်းရဲ့ ကြည်ညိုစရာပုံရိပ်လေေးတွကတော့ မြင်သူတိုင်းကို အေးချမ်းစေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ My6anmarload မှ ချစ်ပရိသတ်တွေအတွက် သာသနာ့ဘောင်ဝင်သွားတဲ့ ဦးဇင်းနေမင်းရဲ့ ကြည်ညိုစရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Nay Min’s Facebook
Photo Credit – Nay Min’s Facebook

Photo Credit – Nay Min’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။