ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်အကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ထိုနန်းတော်ကြီး အကြောင်း မဖော်ပြသေးခင် နိုင်ငံအရပ်ရပ်မှာရှိကြတဲ့ နိုင်ငံ့အကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်တို့၏ နေထိုင်ရာ အဆောက်အအုံများသည် နန်းတော်စံအိမ်များဖြစ်လာခဲ့ပုံကို အသေးစိတ် ပြောပြပေးသွားမှာဖြစ်ပါတယ်...။ လူသားတို့သည် ဤကမ္ဘာမြေပြင်ပေါ်တွင် စတင်အခြေချခဲ့ကြသည့် အချိန်မှစတင်၍ တစ်ဦးတစ်ယောက်တည်း နေထိုင်ခဲ့ကြတာမဟုတ်ဘဲ၊ အစုလိုက် အဖွဲ့လိုက်နေထိုင်ခဲ့ကြပါတာဖြစ်ပါတယ်...။ နေထိုင်သည့် လူဦးရေ တစ်ဆပြီးတစ်ဆ များပြားလာတဲ့အခါမှာ မိမိတို့ မျိုးနွယ်စုအလိုက် သတ်မှတ်ပြီး စုစည်းနေထိုင်ခဲ့ကြရာ နိုင်ငံ၊တိုင်းပြည်များ ဆိုပြီး ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်...။

photo credit pngree

နိုင်ငံ၊ တိုင်းပြည်တွေ ဖြစ်ပေါ်လာသည်နှင့်အမျှ ထိုတစ်နိုင်ငံချင်းစီမှာ အုပ်ချုပ်သူ နိုင်ငံ့အကြီးအကဲဆိုပြီး တင်မြှောက်ထားရပါတယ်...။ ထိုအုပ်ချုပ်သူတို့ နေထိုင်ရန်အတွက် အဆောက်အအုံများကို စီမံဆောက်လုပ်ပေးကြရတာဖြစ်ပါတယ်...။ လူသားတို့ ယဉ်ကျေးမှုထွန်းကားလာချိန်တွင် အုပ်ချုပ်သူ တို့၏ နေအိမ်များသည် နန်းတော်၊ စံအိမ်များအဖြစ်သို့ ရောက်ရှိလာကြပါတယ်...။ ထိုကဲ့သို့ နိုင်ငံခေါင်းဆောင်များသည် နိုင်ငံတစ်ခု၏ ဥသျှောင်များဖြစ်ပေရာ သူတို့နေထိုင်ရာ အဆောက်အအုံများသည်လည်း ဥသျှောင်စံအိမ်အဖြစ် ခေါ်စမှတ်ပြုလာကြပါတယ်...။ ရာစုနှစ်ပေါင်း များစွာသော ပဒေသရာဇ်တို့ နေထိုင်ခဲ့ကြသည့် နန်းတော်များ၊ ခံတပ်များအစရှိသည့် ဥသျှောင်တို့၏ စံအိမ်များသည် အခုအခေတ်ခါမှာ အရေးပါသော အစိတ်အပိုင်းများအဖြစ်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်....။ အချို့သော စံအိမ်နန်းတော်များသည် ယခုအခါတွင် အသုံးပြုမှုမရှိကြသော်လည်း များစွာသောလူများ၏ စိတ်ဝင်တစား လာရောက်ကြည့်ရှုမှုကတော့ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး...။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး၊ လာရောက်ကြည့်ရှုသူ အများဆုံး ဥသျှောင်စံအိမ် (၁၁) ခုထဲကမှ "Kremlin" (ကရင်မလင်နန်းတော်) ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်....။

photo credit pngree

ရုရှားနိုင်ငံ ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်ကို ရင်ပြင်နီဟု လူသိများပါတယ်...။ ရုရှားသမ္မတ အစဉ် အဆက် ရုံးထိုင်ခဲ့ကြသောနေရာဖြစ်ပြီး အဆောက်အဦများစွာဖြင့် ဖွဲ့စည်းထားသော၊အခိုင်အမာတည်ဆောက်ထားသည့် အစုအဝေးကြီးတစ်ခုဖြစ်ပါတယ်...။ ကရင်မလင်နန်းတော်ကို နန်းတော်လေးခု၊ ဘုရားရှိခိုးကျောင်းလေးခုနှင့် ကရင်မလင်မျှော်စင်များပါဝင်သည့် တံတိုင်းတစ်ခုတို့ ဖြင့်ဖွဲ့စည်းထားပါတယ်....။ ကရင်မလင်နန်းတော်သည် လက်ရှိရုရှား နိုင်ငံသမ္မတ၏ နိုင်ငံတော်အဆင့်ရုံးထိုင်ရာနေရာဖြစ်ပြီး ကရင်မလင်နန်းတော်ဧရိယာ၏ သုံးပုံတစ်ပုံခန့်သော နေရာ များကိုသာ အများပြည်သူတို့ အားဝင်ခွင့်ပြုထားပြီး ကျန်နေရာများအား ပိတ်ပင်ထားပါတယ်..။ ဝင်ခွင့်ပေးထားသော သုံးပုံ၊ တစ်ပုံမျှနေရာများသည်ပင်လျှင် ရက်အတန်ကြာ အချိန်ယူ လေ့လာကြရမယ့် နေရာများပဲဖြစ်ပါတယ်...။

source မောင်သာ ( ရှေးဟောင်းသုတေသန)

photo credit pngree

photo credit pngree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။