အိမ်ထောင်ကျပြီးမှ သင်ဇာနွယ်ဝင်းအရင်ကထက်ပိုလှလာရတဲ့ အကြောင်းရင်းက စိတ်ချမ်းသာလို့ ထင်ပါတယ်

မိန်းကလေးတစ်ယောက်ရဲ့ ကံဟာ အိမ်ထောင်ရေးအပေါ်အများကြီးမူတည်ပါတယ် ။

အိမ်ထောင်ရေးကံကောင်းတဲ့ မိန်းကလေးရဲ့ ဘဝဟာ သာယာပျော်ရွှင်စရာတွေ အပြည့်ပေါ့ ။

ဒီလိုဘဝမျိုးလေးကိုပိုင်ဆိုင်ထားသူတစ်ဦးကတော့ သင်ဇာနွယ်ဝင်းပါပဲ ။

သင်ဇာနွယ်ဝင်းဟာသူမရဲ့ ခင်ပွန်းကိုဘယ်လောက်တောင်ချစ်ရလဲ ဆိုတာကို ပြောပြပုံကတော့ ...

" အရင်အိမ်ထောင်မပြုခင် အပျိုဘဝက ယောကျာ်းနဲ့ စာပို့ထားတာပြန်ဖတ်ကြည့်တော့ ပျော်ဖို့ကောင်းတယ်။ စသိတဲ့အချိန်ကတည်းက အခုအထိစိတ်ချမ်းသာအောင်ထားပေးတာကိုခဏခဏဆိုးမိတယ်။ ကိုယ့်အပေါ်အရမ်းကောင်းတဲ့ယောကျာ်း ဘဝမှာအခုလို အချစ်ခံခွင့်ရတာ တကယ့်ကိုဘုရားပေးတဲ့ကံပါပဲ။ လူတွေအားကျရတဲ့ဘဝမျိုးထက်

ကိုယ့်အနားမှာ ကိုယ့်ယောကျာ်း တစ်သက်လုံးချစ်ပေးရင်ကျေနပ်ပါပြီ။

ဒီနေ့ကစပြီး ပိုလိမ္မာတော့မယ်။ သူကိုယ့်အပေါ်ကောင်းတာတွေအတွက် ပိုလိမ္မာတော့မယ်။ " တဲ့ ...

ကြည်နူးစရာလေးနော် ...

သင်ဇာကိုချစ်တဲ့ ပရိတ်သတ်တွေ ရှိကြလား ?

Source : Thin Zar Nwe Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။