ပရိသတ်ကြီးရေ.......ဒီတစ်ခါမှာတော့ စပိန်နိုင်ငံရှိ "Aktamia" (အယ်တာမီးယား) ဂူ၊ သြစတြေးလျနိုင်ငံရှိ "Kakadu" (ကာကာဒူး) အမျိုးသားဥယျာဉ်တို့မှ ရှေးခေတ် နံရံဆေးရေး ပန်းချီများအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသန ပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးပေါ်တွင် ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးအဆောင်းများ၊ အနုပညာလက်ရာများ၊ လက်နက်ခဲယမ်းများစသည်တို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်...။ ထိုမျှသာမကပဲ ကျောက်ခေတ်လူသားတို့၏ စိတ်ကူးစိတ်သန်းများဖြင့် ရေးဆွဲ ဖန်တီးခဲ့ကြသော ပန်းချီလက်ရာများကို နိုင်ငံအနှံ့အပြားတွင် ရှာဖွေတွေ့ရှိခဲ့ကြပါတယ်...။ ထိုရှာဖွေတွေရှိခဲ့ကြတဲ့ ဂူနံရံ ဆေးရေးပန်းချီများထဲကမှ "အယ်တာမီးယားဂူ" နှင့် "ကာကာဒူးအမျိုးသားဥယျာဉ်" ရှိ နံရံပန်းချီပုံများဟာ လက်ရာမြောက်၍ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်...။

photo credit pngtree

၁၉ ရာစုနှောင်းပိုင်း စပိန်နိုင်ငံတောင်ပိုင်းတွင် တွေ့ရှိခဲ့သော "Altamia" ဂူသည် ကျောက်ခေတ် ဂူနံရံဆေး ပန်းချီများတွေ့ရှိခဲ့ရသည့် ပထမဆုံးဂူဖြစ်ပါတယ်...။ တွေ့ရှိရသောပန်းချီပုံများသည် လက်ရာမြောက်လွန်းလှသဖြင့် သိပ္ပံ ပညာရှင်များက ရှေးကျောက်ခေတ် လက်ရာမှဟုတ်ပ၊ ဟုတ်လေမလားဟု သံသယဝင်ခဲ့ကြပြီး ဂူကိုတွေ့ရှိခဲ့သူ မာစီလီနို(Maecelino Sanz de Sautuola)က အတုရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြပါတယ်...။ လူအများစုကလည် ရှေးဦးလူသားများ အနေဖြင့် အနုပညာလက်ရာမြောက်သောဖန်တီးမှုမျိုးကိုပြုလုပ်နိုင်သည့် ဉာဏ်စွမ်းရည် မရှိနိုင်ဟု ယုံကြည်ထားကြပါတယ်....။ သို့သော်လည်း ၁၉၀၂ ခုနှစ်တွင် ထိုဂူနံရံ ပန်းချီများသည် ရှေးလူသားတို့ ရေးဆွဲခဲ့သော လက်ရာစစ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်...။ အယ်တာမီယာဂူသည်မီးသွေး၊မြေစေး၊ဝါတို့ဖြင့် ရေးဆွဲထားသော မြင်းများ၊ကျွဲရိုင်းများနှင့် လက်ဗွေရာ များကို အကောင်းမွန်ဆုံးဖြစ်အောင် ထိန်းသိမ်းထားသည့် သဘာဝလိုဏ်တစ်ခုပင် ဖြစ်ပါတယ်...။

photo credit pngtree

သြစတြေလျနိုင်ငံ မြောက်ပိုင်းရှိ "Kakadu" အမျိုးသားဥယျာဉ်တွင် ရှေးအကျဆုံး လူသားအရိုင်းတို့၏ ပန်းချီ လက်ရာများကို စိတ်ဝင်တစားတွေ့ရှိနိုင်ပါတယ်...။ ကာကာဒူး၏ကျောက်နံရံစောင်းနှင့် ကျောက် သားပြင် တစ်လျောက်တွင် အနုလက်ရာပေါင်း ငါးထောင်ကျော်မျှရှိရာမူလ ပန်းချီကားများ ၏ သက်တမ်း သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်သောင်းခန့်က ဖြစ်သည်ဟု ခန့်မှန်းထားသော်လည်းလက်ရှိ မြင်ရသော ပန်းချီများ၏ သက်တမ်းမှာမူ နှစ်ပေါင်း ၁၅၀၀ မျှသာရှိပါတယ်...။ ယင်းနေရာတွင် တိရိစ္ဆာန်တို့၏ ခန္ဓာကိုယ် အပြင်ပိုင်းကိုသာမက အရိုးနှင့် အတွင်းပိုင်းကိုပါ ဓာတ်မှန်ရိုက်ထားသကဲ့သို့သော ပုံများကိုမြင်တွေ့ ကြရမှာဖြစ်ပါတယ်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။