ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ မင်းသမီးအိချောပိုကတော့ မြန်မာဆန်ဆန်လေးပဲဝတ်ဝတ် ခေတ်ဆန်ဆန်ပဲဝတ်ဝတ် အမြဲတမ်းလှနေပြီးမြင်ရသူတိုင်းကငေးမောကြည့်ရလောက်တဲ့အလှတရားကိုပိုင်ဆိုင်သူထားသူပါ။နှုတ်ခမ်းစူစူ မျက်နှာသွယ်သွယ်လေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့သူတွေထဲမှာ မင်းသမီးအိချောပိုလည်း တစ်ယောက်အပါအဝင်ပဲ​ဖြစ်ပါတယ် ။သူမကိုချစ်စနိုးနဲ့ ပရိသတ်တွေက စူစူလို့လည်းခေါ်ကြပါတယ်။

Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook

အိချောပိုဟာ အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ် ။သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးထားပြီး အချစ်အလွမ်း အကြမ်း ဟာသဇာတ်ရုပ်မျိုးစုံကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါ။မြင့်မြတ်နဲ့အတူရိုက်ကူးထားတဲ့ချိုးရုပ်ဆိုတဲ့ရုပ်ရှင်ကားကြီးကလည်းဒီလထဲမှာ ရုံတင်ပြသတော့မှာဖြစ်ပြီး စူစူရဲ့ ပရိသတ်တွေကအားပေးရန်စောင့်မျှော်နေကြတာပါ။

Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook

အိချောပိုဟာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်လျှက်ရှိပြီးယခုလက်ရှိမှာတော့ မန္တလေးကိုဆိုင်ဖွင့်ပွဲတက်ရောက်ဖို့အတွက်ရောက်ရှိနေတာပါ။သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်လေ့ရှိပြီး အခုတစ်ခေါက်မှာလည်းလူငယ်ဆန်ဆန် freeစတိုင်လေးနဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook
Photo Credit -Ei Chaw Po's Facebook

Photo Credit -Ei Chaw Po's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။