ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ တစ်ကယ့်ကို ထူးဆန်းတဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်...။ အဖြစ်အပျက်က ကြာခဲ့ပြီဆိုပေမယ့် အခုအချိန်ထိတိုင် လူတွေရဲ့ စိတ်ဝင်စား၊ သိချင်မှုတွေကို ဆွဲဆောင်ဖမ်းစားထားလျက်ရှိတာဖြစ်ပါတယ်...။ ထိုအဖြစ်အပျက်လေးကတော့ မိုးကောင်ကင်ပေါ်ကနေ ပင့်ကူတွေ အကောင်ပေါင်း ရေမတွက်နိုင်လောက်အောင် မိုးရွာသလို ရွာချတာပဲဖြစ်ပါတယ်..။ ယခုသတင်းလေးကို ကြားတာနဲ့တင် ကိုယ်ရဲ့ အပေါ်များ ပင့်ကူတွေ ပြုတ်ကျလာမလားဆိုတဲ့ အတွေးနဲ့ ကြက်သီးထဖွယ် ကောင်းနေပါပြီနော်...။

photo credit Once A Glance Page

အဖြစ်အပျက်လေးကတော့ ဒီလိုပါ...။ ဘရာဇီးနိုင်ငံ "Santo Antonio de Platina"မြို့လေးမှာ ပုံမှန်မဟုတ်တဲ့ မိုးရာသွန်းခဲ့ပါတယ်...။ အဲ့ဒီမိုးကတော့ ပင့်ကူမိုးတွေပဲဖြစ်ပါတယ်...။ ဒီလိုဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ အလွန်စဉ်းစားရကျပ်ခဲ့ပါတယ်..။ ဒီလိုဖြစ်နေစဉ်အတွင်းမှာပဲ ကမ္ဘာကြီး ပျက်တေ့ာမယ်၊ နတ်ဆိုးတွေရဲ့ ဖန်ဆင်းခြင်း စသည်ဖြင့် ကောလဟာလတွေ အမျိုးမျိုးပေါ်ပေါက်ခဲ့ပါတယ်...။ ဒါပေမယ့် ပြည်တွင်း ရုက္ခဗေဒ ပညာရှင် တစ်ယောက်က ဒီလိုဖြစ်စဉ်မျိုးဟာ ပုံမှန်ပါဘဲ....။

photo credit Once A Glance Page

ပင့်ကူတွေဟာ သူတို့ရဲ့ နယ်မြေသစ်ကို ချဲ့ထွင်ဖို့ များပြားလှတဲ့ ပင့်ကူမျှင်တွေကို အများအပြား ပုံယက်လုပ်ပြီး လေတိုက်လျင် လေနှင့် အလွယ်တကူ ပါသွားနိုင်တာမလို့ တောင်စောင်း စပ်၊ သစ်ပင်ထိပ်ဖြား စပ် တွေမှာ "web sheet" ပင့်ကူမျှင်ပြားတွေ တည်ဆောက်ကာ သတ်မှတ်ထားတဲ့ လေပြင်းအား ရောက်လျင်တော့ သူတို့ တည်ဆောက်ထားတဲ့ Web sheet တွေကို ဖြုတ်ချတဲ့ အလေ့အထရှိပါတယ်...။ ဤနည်းအားဖြင့် ရံဖါရံခါ သန်းနှင့်ချီများပြားတဲ့ ပင့်ကူတွေဟာလေနှင့် အတူ Web sheet တွေကို ride စီးနင်း လာတက်ကြပြီး သူတို့နယ်မြေသစ်ကို ရှာဖွေကြသည်ဟု သိရပါတယ်...။ အလားတူ "spiders rain" ကို Australia၊ England စတဲ့ နိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးပါတယ်...။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။