Beauty By Nay Chi Pageရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့ ချီချီဟာ အခုဆိုရင် Beauty blogger ဘက်မှာရော ရုပ်ရှင်ဘက်မှာပါ အောင်မြင်နေတဲ့ သူတတစ်ယောက်ပါ။သူမကတော့မိန်းကလေးတွေသာမကပဲ ယောင်္ကျားလေးတွေရဲ့ ချစ်ခင်အားပေးခြင်းကိုလက်ခံရရှိထားသူဖြစ်ပါတယ်။သူမရဲ့ Chillies လေးတွေကတော့ ချစ်စနိုးနဲ့ ချီချီလို့ပဲခေါ်ကြပါတယ်။

photo credit - Nay Chi Oo's facebook
photo credit - Nay Chi Oo's facebook

​ချီချီဟာအခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး တွေလည်းရိုက်ကူးထားပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေအပေါ်ပရိသတ်တွေရဲ့ အားပေးချီးကျူးခြင်းကိုရရှိထားတာပါ။ သူမရိုက်ကူးထားတဲ့ အခမ်းနားဆုံးမေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသတော့မှာဖြစ်ပြီး ထိပ်တန်းမင်းသား ဖြစ်တဲ့နေတိုးနဲ့အတူပါဝင်သရုပ်ဆောင်ထားတာပါ။

photo credit - Nay Chi Oo's facebook
photo credit - Li John Photography

ချီချီဟာ သွက်လက်ထက်မြက်ပြီးအရာရာကိုပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတစ်ယောက်ပါဖြစ်ပြီးသူမရဲ့ Confident ရှိရှိ အလုပ်လုပ်ကိုင်ပုံတွေကြောင့်လည်း မိန်းကလေးတိုင်းကအားကျနေရတာပါ။ချီချီဟာ Brand တော်တော်များများရဲ့ Ambassador ခန့်အပ်ခြင်းကိုခံထားရသူပါ။

ချီချီဟာ လတ်တလောမှ Paris Fahion week မှပြန်ရောက်လာတာဖြစ်ပြီးယခုလက်ရှိမှာတော့ မန္တလေးကိုဆိုင်ဖွင့်ပွဲတက်ရောက်ရန်ရောက်ရှိနေရင်း

“ဘာဘဲပြောပြော မန်းလေးကိုချစ်တယ် ဒါဘဲ” ဆိုပြီး တင်ထားတာလေးကို ချစ်ရတဲ့ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

photo credit - Li John Photography
photo credit - Li John Photography

source - Nay Chi Oo's Facebook

photo credit - Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။