ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာဆိုရင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သားချောလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး နောက်ထပ်သမီးလေးကိုယ်ဝန်ကိုပါလွယ်ထားရကာ မကြာခင်မှာ နောက်ထပ်မိသားစုဝင်အသစ်တိုးတော့မှာဖြစ်လို့ မေမေသဉ္ဇာနွယ်ဝင်းက သမီးလေးအတွက် အစစအရာရာတွေကိုသေချာပြင်ဆင်နေတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ကိုအရမ်းဂရုစိုက်ပြီး အလုပ်အားတဲ့အချိန်တိုင်းမှာသားလေးနဲ့လည်း အတူတူဆော့ကစားပေးကြပါတယ်။မိဘနေရာကိုရောက်ရှိလာတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ချစ်ရတဲ့မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်ထားပေးပြီး သေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့ သမီးအလိမ္မာလေးလည်းဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

အခုဆိုရင်လည်း သဉ္ဇာနွယ်ဝင်းတို့ ညီအစ်မငါးယောက်က ချစ်ရတဲ့ဖေဖေအတွက် မွေးနေ့Suprise လုပ်ပေးခဲ့ကြပါတယ်နော်။မိသားစုတွေစုံစုံလင်လင်နဲ့ ပျော်ရွှင်နွေးထွေးတဲ့ မွေးနေ့ပွဲလေးကိုကျင်းပပေးတာကြောင့် သဉ္ဇာနွယ်ဝင်းတို့ရဲ့ဖေဖေကတော့ ပီတိတွေဖြစ်ပြီး အရမ်းပျော်ရွှင်နေပါတယ်။ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ မွေးနေ့ဗီဒီယိုဖိုင်လေးကို မြင်တွေ့ရအောင်လို့ မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

Video Credit:Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။