ပရိသတ်ကြီးရေ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့ အနုပညာလောကထဲကို ကလေးဘဝကတည်းကဝင်ရောက်လာခဲ့ပြီး အရမ်းသရုပ်ဆောင်ကောင်းတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်နော်။ယွန်းယွန်းက အနုပညာမှာပါရမီပါတဲ့သူတစ်ယောက်ဖြစ်လို့ အကယ်ဒမီဆုကိုလည်းဆွတ်ခူးရရှိထားတဲ့အပြင် အနုပညာလောကမှာ နေရာတစ်နေရာကနေရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook

ယွန်းယွန်းက အခုချိန်မှာဆိုရင် ၂၀ကျော်အရွယ်ကိုရောက်ရှိနေပြီး ဖူးပွင့်စပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့စွာလှသွေးကြွယ်နေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ပညာရေးဘက်ကိုလည်းအားနည်းမသွားအောင်လို့ သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။မိဘစကားကိုလည်းမြေဝယ်မကျနားထောင်တတ်တဲ့ သမီးလိမ္မာလေးဖြစ်လို့ အောင်မြင်မှုတွေဆိုတာလည်းရရှိနေတာဖြစ်ပါတယ်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook

အခုဆိုရင်တော့ ယွန်းယွန်းက မိဘနှစ်ပါးနဲ့အတူ ဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဘန်ကောက်ရဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ပြီး မိသားစုသုံးယောက်က အရမ်းပျော်ရွှင်နေကြပါတယ်နော်။တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ယွန်းယွန်းက အခုဆိုရင်လည်း ချစ်စရာဆင်လေးက နှာမောင်းလေးနဲ့ ခေါင်းလေးကိုပွတ်သပ်ပေးပြီး ကျီစယ်စနောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေထားပါတယ်နော်။

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's Facebook

Photo Credit:Yoon Yoon's Facebook

Video Credit:Yoon Yoon's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။