ပရိသတ်တွေချစ်စနိုးနဲ့စူစူလို့ခေါ်တဲ့ မင်းသမီးအိချောပိုကတော့အသားညိုညို မျက်နှာသွယ်သွယ် ခန္ဓာကိုယ်လှပတဲ့ အမျိုးသမီးထဲမှာတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ အိချောပိုဟာ ရုပ်ရည်ချောမောရုံသာမက စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့သူတစ်ယောက်ပါ။ အိချောပိုဟာ ဖက်ရှင်ပိုင်းမှာလည်း အမြဲဆန်းသစ်ပြီး လှလှပပ ဝတ်ဆင်တတ်တာကြောင့်ပရိသတ်တွေရဲ့စောင့်ကြည့်ခြင်းကိုခံထားရသူပါ။

Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)

အိချောပိုဟာ အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်လက်ဖြစ်ပြီးသူမရဲ့ကြိုးစားမှုတွေကြောင့်အချိန်တိုအတွင်းအောင်မြင်မှုရရှိထားသူပါ။သူမဟာအနုပညာလောကရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးများကိုလည်းအဆက်မပြတ်ရိုက်ကူးနေတာပါ။ အိချောပိုဟာသူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကိုအခိုင်အမာ ရရှိထားသူတစ်ယောက်ပါ။

Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)

အိချောပိုဟာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိမှာတော့မန္တလေးသို့ဆိုင် ဖွင့်ပွဲတက်ရောက်ရန်ရောက်ရှိနေတာပါ။ ဆိုင်ဖွင့်ပွဲကိုတက်ရောက်လာတဲ့စူစူရဲ့အစိမ်းရောင်လေးနဲ့မြန်မာဆန်ဆန်ဖက်ရှင်ကလည်း မြင်ရသူတိုင်းကလည်ပြန်ငေးမောရအောင်လှရက်လွန်းသူလေးပါ။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပွဲတက်ပုံရိပ်လေးတွေကို ချစ်ရတဲ့စူစူရဲ့ပရိသတ်ကြီးအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Nay Min Tun (Amazing Grace)

Source- Ei Chaw Po's Facebook

Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)
Photo Credit -Nay Min Tun (Amazing Grace)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။