ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောခင်ဇာခြည်ကျော်ကတော့ အနုပညာနယ်ပယ်မှာ ဟိုးအရင်ကတည်းက ရပ်တည်ခဲ့ပြီး သရုပ်ဆောင်အိုင်တင်အရမ်းကောင်းလွန်းလို့ အကယ်ဒမီဆုရမင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သားသမီးနှစ်ယောက်ကိုပြုစုပျိုးထောင်ပေးနေတဲ့ Single Mother တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

ခင်ဇာခြည်ကျော်ရဲ့ သားသမီးနှစ်ယောက်ဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း မေမေ့ရဲ့အနုပညာသွေးတွေအပြည့်ပါတာကြောင့် အနုပညာအလုပ်တွေကို ဝါသနာပါပြီး တတ်နိုင်သလောက်ကိုဖြည်းဖြည်းချင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကလည်း သားသမီးနှစ်ယောက်ကို သေချာဖြည့်ဆည်းပေးပြီး အနုပညာအလုပ်တွေကိုလည်း သားအမိသုံးယောက်အတူတူတွဲလုပ်နေကြတာဖြစ်ပါတယ်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

ဘုန်းမင်းနေလကိုတော့ အားပေးကြတဲ့ပရိသတ်တွေလည်းရှိနေပြီဖြစ်ပြီး အနုပညာလောကမှာနာမည်ရလာတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။လက်တလောမှာတော့ ဘုန်းမင်းနေလက အူအတက်ပေါက်လို့ ဆေးရုံမှာခွဲစိတ်မှုပြုလုပ်ရပြီး ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ကဆေးရုံစောင့်ပေးကြပါတယ်။အခုဆိုရင်တော့ ဘုန်းမင်းနေလလည်း ပြန်လည်သက်သာလာလို့ မေမေခင်ဇာခြည်ကျော်ကစိတ်ချမ်းသာတဲ့အကြောင်းလေးကို မျှဝေလာပါတယ်နော်။

Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook
Photo Credit:Khinzar Chikyaw Zar's Facebook

Photo Credit:Khinzar Chikyaw Zar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။