အိမ်ဖြူတော်သည် ညအချိန်များဝယ် မဲမှောင်၍ ကြောက်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ပါတယ်...။ ကွယ်လွန်ခဲ့ကြသော အမေရိကန်သမ္မတများနှင့် ဗြိတိသျှစစ်သားဟောင်းသရဲတို့ ခြောက်လှန့်ရာ နေရာလည်းဖြစ်ပါတယ်...။ အိမ်ဖြူတော်တွင် နှစ်ကာလကြရှည်စွာ လမ်းညွှန် အကြီးအကဲအဖြစ်တာဝန်ယူခဲ့သူ "Gary Walters" က "အိမ်ဖြူတော်ဆိုတာက တကယ်တော့ အိမ်အိုကြီး တစ်ခုပါဘဲဗျာ၊မီးမရှိတဲ့အချိန်မှာမှောင်မိုက်၊ ဆိပ်ငြိမ်နေပြီးဘာလေးဘဲ လှုပ်လိုက်လှုပ်လိုက် လူ့စိတ်ကိုဖမ်းစားစေတော့တာဘဲ” ဟုပြောခဲ့ပါတယ်...။ သူကဆက်၍ “သမ္မတဘုရှ်တစ်ယောက်ကတော့ သရဲနဲ့တွေ့တယ်လို့ မကြားမိဘူးဗျ၊ နောက်ပိုင်းသမ္မတတွေကတော့ သူတို့ ရှေ့က သေသွားကြတဲ့ သမ္မတတွေ အိမ်ဖြူတော်ထဲမှာ ဆက်ရှိနေကြတယ်လို့ ခံစားကြရတယ်တဲ့” ဟုရှင်းပြခဲ့ပါတယ်...။

photo credit pngtree

အိမ်ဖြူတော်တွင်သရဲအခြောက်ဆုံးနေရာမှာ သမ္မတများ၏ဧည့်ခန်းနေရာဖြစ်သည်ဟု "Gary Walters" က လျှို့ဝှက်သတင်းပြန်ကြားရေးအရာရှိကို ကိုးကား ပြောခဲ့ပါတယ်...။ အိမ်ဖြူတော်သည် ကာလကြာရှည် ကတည်းကပင် သရဲခြောက်သောနေရာအဖြစ် လူသိများခဲ့ပြီးအေဗရာဟင်လင်ကွန်းသည် အထင်ရှားဆုံး ခြောက်လှန့်သူဖြစ်ပါတယ်...။ အေဗရာဟင်လင်ကွန်း၏ဇနီး မေရီလင်ကွန်းသည်လည်း အင်ဒရူးဂျက်ဆင်၏ သရဲ ခြောက်သံ ကိုကြားခဲ့ရဖူးပါတယ်...။ တစ်ခါက သမ္မတ"Woodrow Wilson" ၏ ဇနီး နှင်းဆီဥယျာဉ်အတွင်းအပင်စိုက်ရန် တူးဆွနေစဉ် ယခင် သမ္မတ ကတော်ဟောင်း "Dolley Madison" ပေါ်လာပြီး သူ့ဥယျာဉ်ကို မနှောက်ယှက်ရန် တားဆီးခဲ့သည်ဟုဆိုပါတယ်...။

photo credit pngtree

၁၈၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့က အိမ်ဖြူတော်ကို မီးတင်ရှို့စဉ် ကွယ်လွန်ခဲ့သော ဗြိတိသျှ စစ်သားတစ်ယောက်၏ ခြောက်လှန့်မှုကိုလည်း လူသိများကြပါတယ်...။ လူအများက ထိုစစ်သားအား အိမ်ဖြူတော်တွင် လက်နှိပ်ဓာတ်မီး တစ်ဝင်းဝင်း ကိုင်ဆောင်လျက် သွားလာနေသည်ကိုတွေ့ကြရပါတယ်..။ အိမ်ဖြူတော်ဝန်ထမ်း အတော်များများကထို ဗြိတိသျှ စစ်သား၏ ခြောက်လှန့် မှုကို ကြုံဖူးကြပါတယ်...။ တစ်ခါကအိမ်ဖြူတော် တံခါးပေါက်ဝ၌ "Gary Walters" နှင့် လုံခြုံရေးအရာရှိ သုံးဦးတို့တာဝန်ကျနေကြစဉ် သူတို့ မတ်တတ် ရပ်နေကြသည့်ကြားတွင် အေးကနဲဖြစ်သွားခဲ့ပါတယ်...။ တစ်စုံတစ်ယောက်ကသူတို့ကြားမှ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ကြရပါတယ်...။ ထို့နောက်အိမ်ဖြူတော် တံခါးရွက်နှစ်ချပ်က အလိုလိုပွင့်ထွက်သွားသည်ကို မြင်လိုက်ကြရတယ်...။ ထိုတံခါးရွက်များသည် လူ တစ်ယောက်ယောက်က လက်ဖြင့် တွန်းမဖွင့်ဘဲ မည်သို့မျှ မပွင့်နိုင်ကြသဖြင့် သူတို့အားလုံး တအံ့တသြဖြစ်ကြရကာ မမေ့နိုင်သည့် အတွေ့အကြုံတစ်ခုကို ရရှိခဲ့ပါတယ်...။

Source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။