ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့တွေ ငယ်ငယ်ကချစ်ခဲ့ကြတဲ့ အားပေးခဲ့ကြတဲ့ ကလေးသရုပ်ဆောင်လေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ သူတို့လေးတွေကတော့ အခုဆို ကလေးသရုပ်ဆောင်ဘဝကနေ ဆယ်ကျော်သက် အနုပညာရှင်ပေါက်စလေးတွေတောင် ဖြစ်လို့လာကြပါပြီ။

ပထမဆုံးအနေနဲ့ ဖော်ပြပေးမှာကတော့ ဟဲဗီးဖြိုးပဲဖြစ်ပါတယ်။ မြန်မာဗီဒီယို ဇာတ်ကားများမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးများမှာပါ ကလေးသရုပ်ဆောင်နေရာကနေ ရရာလုပ်ကွက်မှာ ပီပြင်အံဝင်စွာ သရုပ်ဆောင်နိုင်ခဲ့မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ "စေတန်ရဲ့ ကချေသည်" "ကျွန်မက နှင်းဆီပါမောင်" စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မင်းသားငယ်ဘဝနေရာကနေ သရုပ်ဆောင်ခဲ့ပြီး ကလေးသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုအတွက် တစ်ကြိုစာရင်းထိ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ အနုပညာလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေတာမျိုးမတွေ့ရပေမယ့် သူ့ရဲ့လူမှုစာမျက်နှာကနေ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးရှိနေသေးတာတော့ တွေ့ရပါတယ် ပရိသတ်ကြီးရေ……

ဒုတိယအနေနဲ့ ဖော်ပြပေးမှာကတော့ အိစိကွေးပဲ ဖြစ်ပါတယ်။ အိစိကွေးဟာ မြန်မာဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်ပြီး အငိုဇာတ်ဝင်ခန်းတွေမှာတောင် သဏ္ဍာန်လုပ်သရုပ်တူ လုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်ခဲ့ကြတဲ့ ကလေးသရုပ်ဆောင် တစ်ဦးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော အိစိကွေးဟာ ဆယ်တန်းစာမေးပွဲကြီးကို ဖြေဆိုထားပြီး တေးအယ်လ်ဘမ်တစ်ချပ်လည်း ထွက်ရှိထားပါတယ်။ အနုပညာအလုပ်တွေကို တတ်အားသရွေ့လုပ်ကိုင်နေပြီး Ko Ko Aung ဆိုတဲ့ သူ့ရဲ့လူမှုစာမျက်နှာကနေ သူ့ရဲ့ခံစားချက်တွေကို ပရိသတ်တွေဆီ မျှဝေပေးလေ့ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ဖော်ပြပေးချင်တာကတော့ "မဟော်သဓာ" ဇာတ်လမ်းနဲ့ ကလေးလူကြီးပရိသတ်တွေကြား မည်ကျော်ကြားခဲ့တဲ့ ကလေးသရုပ်ဆောင် အားသစ် ပဲဖြစ်ပါတယ်။ အားသစ်ဟာ ငယ်စဉ်ကပင် အနုပညာအထုံပါရမီပါသူပီပီ ယခုချိန်မှာဆိုရင်တော့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပင် အဓိကဇာတ်ဆောင် တစ်ဦးနေရာကနေ အကယ်ဒမီခန့်စည်သူ ရွှေမှုန်ရတီတို့နဲ့အတူ ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးသွားဖို့ အစီအစဉ်တွေရှိနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ……

ကဲ ကိုယ်တွေငယ်ငယ်က အားပေးခဲ့ရတဲ့ ကလေးသရုပ်ဆောင်တွေ အခုလို လူပျိုပေါက် ဆယ်ကျော်သက်အနုပညာရှင်တွေဖြစ်လာတဲ့အခါ အရင်လိုပဲ အားပေးဦးမယ် မဟုတ်လား ပရိသတ်ကြီး…………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။