ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးပြီး အိုင်တင်အရမ်းကောင်းတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။နေခြည်ဦးက Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကိုရရှိခဲ့ပြီး အဆက်မပြတ်ကြိုးစားတာကြောင့် အောင်မြင်မှုတွေဆိုတာကလည်း ဆက်တိုက်ရရှိလာပါတယ်။

Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography

နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုရရှိပြီး တက်သစ်စမင်းသမီးလေးလို့ထင်ရက်စရာမရှိလောက်အောင် ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်ပါတယ်နော်။လက်တလောမှာလည်း နေခြည်ဦးပါဝင်ထားတဲ့"အခမ်းနားဆုံးမေတ္တာ"ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေက နမူနာနဲ့တင်အရမ်းကြိုက်နှစ်သက်နေကြပြီဖြစ်ပါတယ်။

Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography

နေခြည်ဦးက စိတ်သဘောထားလည်းဖြူစင်ပြီး သဘောကောင်းပွင့်လင်းတဲ့သူဖြစ်လို့ ပရိသတ်တွေက သူမရဲ့စိတ်ထားလေးကို ချီးကျူးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ နေခြည်ဦးက မန္တလေးက Hair Republic ဆိုင်ဖွင့်ပွဲလေးကို မင်းသမီးချောအိချောပိုနဲ့အတူတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။နေခြည်ဦးရဲ့ သွက်သွက်လက်လက်နဲ့အရမ်းချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography
Source:beautybynaychi's page/Photo Credit:Li John Photography

Source:beautybynaychi's page/Photo Credit:Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။