ပရိသတ်ကြီးကို ခုတစ်ခါမှာ ဖော်ပြပေးချင်တာကတော့ ပုံမှန်အရွယ်အစားမဟုတ်ပဲ သဘာဝနဲ့ ဆန့်ကျင်နေတဲ့ အကောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ အခုမြင်တွေ့နေရတဲ့ အကောင်တွေဟာ သူတို့နဲ့မျိုးစိတ်တူတဲ့ တစ်ခြားအကောင်တွေထက် အရွယ်အစားဟာ အဆမတန် ကွာခြားလွန်းနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ အရွယ်အစားကြီးတဲ့ ကောင်ကလည်း အဆမတန်ကြီးသလို ၊ သေးတဲ့အကောင်ကလည်း အတော်လေးကို သေးကွေးလွန်းလှတာကို တွေ့ရမှာဖြစ်ပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဒီလိုတွေ ဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိတဲ့အထဲမှာမှ ဖြစ်နိုင်ချေအများဆုံးရှိတဲ့ အကြောင်းအရာနှစ်ခုအကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ပထမအကြောင်းအရာ ကတော့ မူလမျိုးစိတ်တစ်ခုကို အခြားမျိုးစိတ်တစ်ခုနဲ့ မျိုးစပ်လိုက်တဲ့အခါမှာ ထွက်လာတဲ့ မျိုးစိတ်အသစ်တွေဟာ ပုံပန်းသဏ္ဍာန်ရော အရွယ်အစားပါ ပြောင်းလဲသွားကြပါတယ်။ ဒုတိယအကြောင်းအရင်းကတော့ ကုန်းပေါ်မှာပဲ ဖြစ်ဖြစ် ရေထဲမှာပဲ ဖြစ်ဖြစ် အပေါ်ယံကျောမှာမနေထိုင်ပဲ

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဟိုးနက်ရှိုင်းတဲ့ နေရာတွေမှာ ရှင်သန်ကျက်စားတဲ့အကောင်တွေဟာ တစ်ခြားသော သူနဲ့မျိုးစိတ်တူ အကောင်တွေ ထက် များစွာကွဲလွဲခြားနားလွန်းတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခုပုံထဲမှာ မြင်တွေ့ရတဲ့အကောင်တွေထဲမှာမှ တစ်ချို့သော အကောင်တွေဟာ ပရိသတ်ကြီး အပြင်မှာ မြင်ဖူးသလို သိလည်းသိတဲ့ အကောင်တွေလည်း ပါဝင်ပါတယ်။ တချို့သော အကောင်တွေကတော့ သိပ္ပံပညာရှင်တွေ အခုမှ စတင်တွေ့ရှိတဲ့ အကောင်မျိုးစိတ်အသစ်တွေလည်း ပါဝင်တာမို့လို့ ဗဟုသုတရစေရန် စုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်နော်...

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Photo Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။