ပရိသတ်ကြီးရေ....ဒီတစ်ပါမှာတော့ ပထမဦးဆုံး ငွေစက္ကူထုတ်လုပ်ခဲ့ပုံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးမှာပါ...။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ငွေကြေးသုံးစွဲမှု စနစ် တစ်ခုခုကို မကျင့်သုံးသော နိုင်ငံဟူ၍ မရှိပါဖူးနော်...။ ပြည်သူများ အချင်းချင်း ဖြစ်စေ၊ နိုင်ငံများ အချင်းချင်း ဖြစ်စေ ငွေကြေးသုံးစွဲမှု စနစ် တစ်ခုခုကို သုံးစွဲကာ ပစ္စည်းများ ဖလှယ်ကြရပါတယ်...။ စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ငွေစက္ကူသုံးစွဲမှုသည် အလွန်အရေးပါသော ကဏ္ဍတစ်ခုအဖြစ်သို့ ရောက်ရှိလာပါတယ်...။

photo credit pngtree

သမိုင်းခေတ်ဦးမှာ....လူတို့သည် မိမိတို့ အလိုရှိသော အရာတစ်ခုခုကို ရရှိနိုင်ရန် မိမိတို့ တွင်ရှိသော ပစ္စည်း တစ်ခုခုဖြင့် လဲလှယ်ခဲ့ကြရတာကို အားလုံးပဲ သိရှိပြီးပြီဖြစ်မှာပါ...။ ယဉ်ကျေးမှု ထွန်းကားလာချိန်မှာတော့ လူများ အချင်းချင်း မိမိတို့ အလိုရှိသော ပစ္စည်း များကို အပြန်အလှန် လဲလှယ် ကြတဲ့အခါမှာ အဆင်ပြေမှု ရှိစေရန် ကြားခံ ပစ္စည်း တစ်ခုခုကို တန်ဖိုးသတ်မှတ်ပြီး သုံးစွဲကြရာမှ ငွေကြေးစနစ် ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်...။ ငွေကြေး သုံးစွဲမှု တွင် စက္ကူ ပိုက်ဆံများ မပေါ်ပေါက်မီ ဦးစွာပေါ်ထွန်းခဲ့သော ငွေကြေးသည် ဒင်္ဂါးပြားပဲဖြစ်ပါတယ်...။ သမိုင်း တစ်လျောက်တွင် ဒင်္ဂါးများကို ရွှေ၊ငွေ၊ကြေး စသော တန်ဖိုး ကြီးသည့် သတ္ထုများ အပြင် ခဲ၊ သံ စသည့် တန်ဖိုးနိမ့် သတ္ထု ပစ္စည်းများ ဖြင့်လည့် ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်...။

photo credit pngtree

"ပထမဦးဆုံး စက္ကူပိုက်ဆံ"...... အထူးပြုလုပ်ထားသော စက္ကူရွက်ကို တန်ဖိုးတစ်ခု သတ်မှတ်ကာ အများလက်ခံသုံးစွဲကြသည့် စက္ကူငွေကြေး "Paper Money"ကို တရုတ်လူမျိုးတို့က ပထမဆုံး တီထွင်ခဲ့ကြပါတယ်...။ တရုတ်တို့သည် တန်မင်းဆက် (အေဒီ ၆၁၈ မှ ၉၀၇) တွင် ခေါက်၍ သယ်ဆောင်နိုင်သည့် ငွေများကို စတင်အသုံးပြုခဲ့ကြပါတယ်...။ ထိုစဉ်က အများသုံးနိုင်ရန် ထုတ်ဝေခဲ့သော ငွေကြေးလက်မှတ်များကို ငွေ အဖြစ်သုံးစွဲသည့် စနစ်ဆိုပြီး စတင်ခဲ့တာဖြစ်ပါတယ်...။ တန်မင်းဆက်တွင် ထိုစဉ်က ကိုင်ယွမ်ဟု ခေါ်သည့် လေးထောင့်အပေါက်များပါသည့် ကြေးပြားအဝိုင်းများကိုလည်း အများသုံး ပိုက်ဆံအဖြစ် အသုံးပြုခဲ့ကြပါတယ်...။ တရုတ်တို့သည် စက္ကူငွေကြေးစနစ်ကို နှစ်ပေါင်း ကြာရှည်စွာသုံးစွဲခဲ့ကြပြီး ဥရောပတိုက် တွင် စက္ကူပိုက်ဆံကို ၁၇ ရာစု ရောက် မှ သုံးစွဲခဲ့ကြပါတယ်...။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် စက္ကူငွေကြေးကို သုံးစွဲနိုင်ရန် နောက်ထပ် တစ်ရာစုကျော်၊ နှစ်ရာစုမျှ အချိန်ယူခဲ့ရပါတယ်...။တရုတ်တို့သည် စက္ကူငွေကြေးများကို ငွေတန်ဖိုးကျဆင်းကာ ငွေကြေးဖောင်းပွမှု အလွန်အမင်း ဆိုးရွားလာခဲ့သည့် အချိန် အထိ ထုတ်ဝေခဲ့ကာ ၁၄၅၅ ခုနှစ်တွင် စက္ကူ ပိုက်ဆံ ထုတ်ဝေသုံးစွဲခြင်းကို လုံး၀ ရပ်ဆိုင်းခဲ့ပါတယ်...။ ထို့နောက် နှစ်ပေါင်း ရာနှင့်ချီကာ စက္ကူ ငွေကြေးကို တရုတ်တို့ သုံးစွဲခြင်းမပြုဘဲ နေခဲ့ကြပါတော့တယ်....။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။